ပျားအုံတစ်ခုမှာ ပျားဘုရင်မ သေသွားတဲ့အခါ..... အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုကို အလျင်စလိုမဟုတ်ဘဲ ချမှတ်ရပါတယ်။
ဘုရင်မ မရှိလို့ ပျားအုံကြီးဟာ ပြိုလဲမသွားပါဘူး။
အခြေအနေနဲ့အညီတော့ ပြောင်းလဲသွားပါတယ်။
ပထမဆုံးသူတို့ဟာ သာမန်ပျားလောင်းတွေ အများကြီးထဲကနေ နည်းနည်းလေးကို ရွေးချယ်လိုက်ပါတယ်။
အရွေးချယ်ခံ ပျားလောင်းတွေဟာ တခြားသူတွေထက် ထူးခြားနေလို့မဟုတ်ပါဘူး။ ဒါပေမဲ့ ထူးခြားတဲ့သူတွေ ဖြစ်လာနိုင်လို့ပါ။
သူတို့ကို သာမန်မဟုတ်တဲ့ အရာတစ်ခု ကျွေးမွေးပါတယ်- အဲဒါကတော့ တော်ဝင်ဂျယ်လီလို့ခေါ်တဲ့ အသွင်ပြောင်းနိုင်တဲ့ ဝတ်ရည်ပါ။
အဲဒီနေရာကနေပြီး မယုံနိုင်စရာအရာတွေ စတင်ပါတော့တယ်။
ဒါဟာ ကြိုတင်သတ်မှတ်ထားတဲ့ ကံကြမ္မာမဟုတ်ပါဘူး။
ဂရုတစိုက်နဲ့ ပြုစုပျိုးထောင်ပေးလို့ ဖြစ်လာတာပါ။
ဂရုတစိုက် ကျွေးမွေးခံရတဲ့ ပျားလောင်းတစ်ကောင်ဟာ ဘယ်သူမှ မထင်ထားတဲ့ ဘုရင်မတစ်ကောင် ဖြစ်လာပါတယ်။
ပျားဘုရင်မကို သူတို့ မွေးဖွားတာမဟုတ်ပါဘူး။ ဖန်တီးလိုက်တာပါ။
သူမဟာ သာမန်ပျားတွေထက် ပိုပြီး အသက်ရှည်လာပါမယ်။
ပျားအုံရဲ့ စည်းကမ်းနဲ့ အစီအစဉ်တွေကို သူမက ပြန်လည်တည်ဆောက်ပါလိမ့်မယ်။
အရင်က တိတ်ဆိတ်နေတဲ့ နေရာမှာ ဘုရင်မရဲ့ လှုပ်ရှားမှုတွေနဲ့ အသံတွေ ပြန်လည်ပေါ်လာမယ်။
ပျားအုံတစ်ခုမှာ အခက်အခဲတွေ ကြုံလာတဲ့အခါ ပရမ်းပတာတွေ မဖန်တီးပါဘူး။ ဦးဆောင်နိုင်တဲ့သူပေါ်ပေါက်လာဖို့ တည်ဆောက်ကြပါတယ်။
ဒါကြောင့် ဒီအချက်တွေထဲမှာ ကျွန်တော်တို့ လူသားတွေအတွက်လည်း သင်ခန်းစာတစ်ခု ရနိုင်ပါတယ်။
ကြီးမြတ်ခြင်းဆိုတာ အမြဲတမ်း မွေးရာပါ အရည်အချင်းမဟုတ်သလို ရာထူးအာဏာကြောင့် ရတာမျိုးလည်း မဟုတ်ပါဘူး။ သာမန်လူတစ်ယောက်ကို ထူးခြားတဲ့ အကူအညီနဲ့ ပံ့ပိုးမှုတွေ ပေးလိုက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ အရာတစ်ခုပါ။
ဒါကြောင့် ကျွန်တော်တို့ပတ်ဝန်းကျင်မှာ တစ်ယောက်ကို တစ်ယောက် စောင့်ရှောက်ဘို့ လိုပါတယ်။
ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်အတွက် လူငယ်များကိုလည်း ပြုစုပျိုးထောင်ပေးဘို့ လိုပါတယ်။
Post a Comment