Astral Projection (လိပ်ပြာလွှင့်ခြင်း)

 


လိပ်ပြာလွှင့်ခြင်း (ဝါ) ဝိညာဉ်လွင့်နည်းများသည်

(၁) ကြိုးဖြင့်လွှင့်နည်း (Robert Bruce's Method)

(၂) တုန်ခါခြင်းဖြင့်လွှင့်နည်း (Robert Monroe's Method)

(၃) လှိုင်ဂူလွှင့်နည်း

(၄) ကိုယ့်အိမ်ထဲတွင်ခရီးသွားလွှင့်နည်း

(၅) မန္တန်ဖြင့်လွှင့်နည်း

(၆) သမာဓိဖြင့်လွှင့်နည်း

(၇) ပရလောက အကူအညီဖြင့်လွှင့်နည်း

(၈) အိပ်မက်ထဲကတစ်ဆင့်လွှင့်နည်း

(၉) ပရဆေးများသုံး၍လွှင့်နည်း

စသဖြင့်နည်းလမ်းပေါင်းများစွာရှိပါသည်။

                           ထိုသို့လွှင့်နည်းများထဲက ယခုပြောပြမယ့်နည်းလမ်းကတော့ Robert Brue ၏ နည်းလမ်းဖြစ်သည့် ကြိုးဖြင့်လွှင့်နည်းဖြစ်ပါသည်။ ဤကြိုးဖြင့်လွှင့်နည်းကတော့ အဆင့်(၃)ဆင့်နဲ့ ဝိညာဉ်လွှင့်နိုင်မယ့်နည်းလမ်းဖြစ်ပါသည်။ နည်းလမ်းများမှာ -

(၁) ပြင်ဆင်ခြင်း

(၂) ဖြေလျော့ခြင်းနှင့်

(၃) ဝိညာဉ်လွှင့်ခြင်းတို့ကို အဆင့်ဆင့်လုပ်ဆောင်သွားရမည်ဖြစ်ပါသည်။


ပထမအဆင့် (ပြင်ဆင်ခြင်းအဆင့်)

                    ဝိညာဉ်လွှင့်မည့်အချိန်တွင် မည်သူမျှ မနှောင့်ယှက်နိုင်သော တိတ်ဆိတ်ငြိမ်သက်သော အခန်းတစ်ခု အရင်ဆုံးရှိရမည်။ ထို့နောက် မိမိခန္ဓာကိုယ်တွင် တင်းကျပ်စေသော ပစ္စည်းများဖြစ်သည့် နာရီ၊ လက်ပတ်၊ ဆွဲကြိုးများ၊ ခါးပတ်များ မဝတ်ဆင်ရ။ အဝတ်အစားကို မိမိအသက်ကောင်းကောင်း ရှူစေနိုင်မည့်အဝတ်မျိုး (သို့မဟုတ်) သက်တောင့်သက်သာရှိသည့်အဝတ်မျိုးကို ဝတ်ဆင်သင့်သည်။ ဝိညာဉ်လွှင့်ရာတွင်လည်း မြောက်ဘက်ကို မိမိခေါင်းရင်းထားလျှင်ပို၍ကောင်းသည်။ ဤအချက်များကို လိုက်နာ၍ ပြင်ဆင်မှုများအရင်လုပ်ရမည်။


ဒုတိယအဆင့် (အကြောများဖြေလျော့ခြင်း)

                     ဒုတိယအဆင့်တွင် အရင်ဆုံး ခေါင်း၊ ခြေ၊ လက်၊ ခန္ဓာကိုယ်တွင်ရှိသည့် အကြောများကို ဖြေလျော့နိုင်သည့် လေ့ကျင့်ခန်းများလုပ်ရမည်။ ပြီးလျှင် စိတ်ထဲတွင် ဘာမှမစဉ်းစားဘဲ ပက်လက်လှန်လဲလျောင်း၍ လက်နှစ်ဖက်ကို ဘေးခန္ဓာကိုယ်နှစ်ဖက်တွင်ချ၍ သက်တောင့်သက်သာနေပါ။


တတိယအဆင့် (ဝိညာဉ်စလွှင့်ခြင်း)

                      ဒုတိယအဆင့်တွင် ပြောထားသည့်အတိုင်း ပက်လက်လှန် လဲလျောင်း၍ လက်ကို ခန္ဓာကိုယ်နှစ်ဖက်ဘေးတွင်ချ၍ သက်တောင့်သက်သာနေပြီး မျက်စိမှိတ်၍ မိမိ၏စိတ်ထဲတွင် အိမ်မျက်နှာကျက်ပေါ်မှ ကြိုးတစ်ချောင်းကျနေသည်ကို အာရုံပြုပါ။ ထို့နောက် ထိုကြိုးကို မိမိကကိုင်၍ အပေါ်သို့တက်နေသည်ဟု စိတ်ထဲမှာပုံဖော်၍ တကယ်တက်နေသည့်အတိုင်း အာရုံပြုခံစားနေရမည်။ ထိုသို့ ကြိမ်ဖန်များစွာလေ့ကျင့်နေရင်း မိမိဝိညာဉ်ထွက်သွားပါလိမ့်မည်။ ပထမဆုံးဝိညာဉ်လွှင့်သူများသည် ခန္ဓာကိုယ်ပြင်ပတွင် ခဏတာမျှသာနေနိုင်မည်။ မိမိတွေ့ရမည့် အမြင်မှာလည်း တစ်ခါတလေ မှောင် မဲ နေတတ်သည်။  ထို့ကြောင့် အကြိမ်များစွာလေ့ကျင့်ပါက မြင်ရပေမည်။ အမြင်သည် ၃၆၀ ဒီကရီ ကြည့်နိုင်သည်။ လေထဲတွင်ပျံဝဲနိုင်သည်။


မှတ်ချက်။   ။ မိမိခန္ဓာကိုယ်အတွင်း ဘယ်လိုပြန်ဝင်မလဲဆိုတာကတော့ မိမိ၏ခန္ဓာကိုယ်ရှိရာ အနီးအနားသို့ပြန်လာပြီး စိတ်လျှော့၍ ပြန်ဝင်နိုင်ပါသည်။ ဝိညာဉ်လွှင့်ရာတွင် နေ့ဘက်လည်း လေ့ကျင့်၍ လွှင့်နိုင်သည်။ မိမိအားပါက နေ့ဘက်တွင် တိတ်ဆိတ်သောနေရာတွင် လေ့ကျင့်နိုင်သည်။ လူအများမှာ နေ့ဘက်တွင် တိတ်ဆိတ်သောနေရာတွင် လေ့ကျင့်နိုင်သည်။ လူအများမှာ နေ့ဘက်တွင် ဆူညံခြင်း အသံများကြားရခြင်း (သို့မဟုတ်) အလုပ်များမအားသောကြောင့် နေ့ဘက်မလေ့ကျင့်နိုင်ကြပါ။

Post a Comment

Previous Post Next Post