ဇော်ဂျီ ဗေဒါလမ်းကဗျာစု


စုန်ဆန်ရတရား

ပန်းပါဘိ ၊ ဗေဒါဆွေ၊

ကျူရိုးရှင် ပီပီကလေး၊ တေးသံက ဝေ၊

စုန်ဆန်ရ တပေပေ၊ ဒီရေနယ် တစ်ကျေး၊

ဒီချောင်းရေ ဗေဒါလမ်း၊ ပန်းဖွယ်တဲ့လေး။


အိုအချင်း ကျူရိုးရှင်၊

နေသာမှာ ရွာရဟန်း ၊ ဆွမ်းခံကြွဝင်။

ထန်းတစ်ဖျား နေကိုမြင်၊ ရွာပြင်က တံတား၊

ဆွမ်းခံပြန် ရွာကိုရှား၊ နေ့တိုင်းပါလား။


အိုအချင်း ကျူရိုးရှင်၊

ဟင်းရွက်စုံ နှစ်ပုံထပ်၊ လောင်းစပ်မှာတင်၊

စျေးသမား မယားလင်၊

တစ်ရွာဝင် တစ်ရွာသွား၊

အိမ်အပြန်ပုစွန်ငါး၊ နေ့တိုင်းပါလား။


ဒီတက်တော့ သူထက်သန်၊

ဒီကျလျှင် သူရွှင်လန်း၊ တန်းစီလို့ပြန်၊

အလဲလဲ အဖန်ဖန်၊ စုန်ဆန်ရတရား၊

ဗေဒါဆွေ ဒီရေသွား၊ မြင်ထားလို့လား။


ဆရာဇော်ဂျီ

(ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်၊ ၁၉၅၇ – ၁၉၅၉)


Author(s) ဆရာဇော်ဂျီ
Type PDF/E-Book
Category ကဗျာများ
No of Pages 82
Size 824 KB (843,776 bytes)
Description ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာစု E-Book
Download
click to Download

Post a Comment

Previous Post Next Post