ဂျပန်မှကလေးများနဲ့ မြန်မာမှကလေးများရဲ့ ကွာဟချက်များ


1. ဂျပန်မှကလေးတွေ 
လေးလံလှတဲ့ ကျောင်းသုံးကျောပိုးအိတ်ကြီးတွေ လွယ်ပြီး 
ကိုယ်တိုင် ရထားစီး၊ ကားစီးပြီး ကျောင်းတက်နေရချိန်မှာ 
မြန်မာမှကလေးများ ကုန်းပိုးစီးပြီး ကျောင်းတက်ကြတယ်။

2. ဂျပန်မှကလေးများ 
မူလတန်းမှာ အလှည့်ကျစားဖိုခန်း ဝင်နေရချိန်မှာ 
မြန်မာမှမူလတန်းကလေးများ 
ထမင်း နောက်ကလိုက်ခွံ့နေရတယ်။

3. ဂျပန်မှမူကြိုကလေးတွေ 
အများသုံးအိမ်သာမှာ ကိုယ့်ဂျိုး ကိုယ်ထုတ်ပြီး 
ရှုးရှုးပန်းနေချိန်မှာ... 
မြန်မာမှကလေးတွေ 'ရှူး ရှူး 'ဆိုပြီး 
ဘောင်းဘီ မစိုအောင် သေးတည်နေရတယ်။

4. ဂျပန်မှကလေးတွေ ခြေခေါက်လဲ၊ စက်ဘီးလဲ 
တဲ့အချိန်မှာ (မိဘက ရပ်ကြည့်နေပါတယ်..ကူပြီးမထူပါဘူး) 
ကိုယ့်ဟာ ကိုယ်ထ ရပါတယ်။
မြန်မာမှကလေးများ တစ်ခုခုဖြစ်ပြီဆိုတာနဲ့  
'ဟဲ့-သားလေး/ဟဲ့-သမီးလေး ' 
ဆိုပြီး အရင် သည်းသည်းလှုပ်ကြတယ်။

5. ဂျပန်မှကလေးတွေ 
'ဆရာမ အခုသင်တာ ကျွန်တော် ဘာမှမသိဘူး..ပြန်ရှင်းပြပါ' 
တောင်းဆိုရဲတဲ့အချိန်မှာ  
မြန်မာမှကလေးများ ... 
'ဟဲ့ ငါစာသင်တုန်းက ကောင်းကောင်းနားမထောင်ဘူး 
နောက်တခါ အဲ့လိုအမေးမြန်းထူရင် အရိုက်ခံရမယ်' ....
ကြိမ်းမောင်းခံနေရတယ်...

6. မြန်မာမှကလေးတွေ ....
'ဟှောင့် ယီးလား လို့ဆဲလိုက်စမ်း ' သင်ပေးနေချိန်မှာ 
ဂျပန်မှကလေးတွေကို ခါးကုန်း ဦးညွှတ်တာ
သင်ပေးနေကြတယ်။

7. မြန်မာမှကလေးတွေကို ပတ်ဝန်းကျင်က ချစ်လို့
ဆိုပြီး ငိုအောင်၊ စိတ်မတို တိုအောင် စနေချိန်မှာ 
ဂျပန်မှကလေးတွေ ဂိမ်းတစ်ခုခု ပေးဆော့ပြီး 
'မင်း လုပ်နိုင်ခဲ့ပြီ ဆိုတဲ့စိတ်' မွေးပေးနေကြတယ်။

8. မြန်မာမှကလေးများ 
သားရေ...
လမ်းထိပ်ကဆိုင်မှာ အရက်တစ်လုံး သွားဝယ်စမ်းကွာ....
ခိုင်းတဲ့ အချိန်မှာ ...                 
ဂျပန်မှကလေးတွေ သဘာဝဘေး
(ငလျှင်လှုပ်၊ မုန်တိုင်းတိုက်၊ ဆူနာမီ ) လာမယ့်အချိန်မှာ 
အစာရေစာနဲ့ ဆေးဝါး ဘယ်လိုရယူရမယ်၊ 
အသက်ဆက်ဖို့ ဘယ်လိုနည်းတွေ ရှိတယ်
ဆိုတာကို သင်ပေးနေကြတယ်။

9. 'သား ရေ... က စမ်းကွာ က က' 
ဆိုပြီး ဆောင်းဘောက်စ်သံ အကျယ်ကြီးဖွင့်
မြှောက်ပေးနေချိန်မှာ ...
ဂျပန်မှကလေးတွေ 'ပတ်ဝန်းကျင်မှာ ဆူညံခြင်းမပြုဖို့ 
ကိုယ့်ကြောင့် သူတပါးအနှောက်ယှက် မဖြစ်ဖို့  
သင်ပေးနေကြတယ်။

10. မြန်မာမှကလေးတွေကို 
'ရန်ဖြစ်ရင် မင်းက အရင်ဦးအောင်လုပ်ခဲ့နော်...
ခံလာရရင် မင့်ကို အရင်ရိုက်မှာ...ခံမလာရစေနဲ့ ' 
သင်ပေးနေတဲ့အချိန်မှာ 
ဂျပန်မှကလေးတွေ 
'လူနဲ့ လူ့ပတ်ဝန်းကျင်ကို 
ဘယ်လို သဟဇာတဖြစ်အောင် နေရမယ်၊ 
ဘယ်လို ပေါင်းသင်းဆက်ဆံရမယ်'....
ဆိုတာ သင်ယူနေကြရတယ်။     

ကဲ.....ဘယ်သူတွေ ၊ ဘာများ လွဲနေကြသလဲ.....။

(ဆရာ မိဘ ပူးပေါင်းပြီး ပြင်ကြရမှာပါ)
   
                          
Credit to Original

Post a Comment

Previous Post Next Post