ငါ

လောကဇာတ်ခုံ၊ ဤလူဘုံ၌
မျိုးစုံကကြ၊ မာန်မာနနှင့်
ငါကရာဇာ၊ ငါဟာသူဌေး
ငါပဂေးဟု၊ ငါသွေးတက်ကြွ
လူ့ဗာလတို့၊ များလှဖြာဖြာ
အဝိဇ္ဇာနှင့်၊ တဏှာဘီလူး
အမှောင့်ပူး၍၊ ကျူးကျူးကျော်ကျော်
ဂုဏ်ကိုဖေါ်လျှက်၊ မော်မော်မောက်မောက်
ငါတစ်ယောက်သာ၊ မိုးအောက်တစ်လွှား
ရွှေကိုယ်လားဟု၊ ထင်မှားမလွဲ
သို့စဉ်စွဲလည်း၊ ဇာတ်ပွဲပြီးက
ပြည်ဖုံးချသော်၊ သုဘရာဇာ
မြေအောက်မှာပင်၊ ဘာသာလူမျိုး
ချိန်မထိုးဘဲ၊ ပုပ်သိုးခန္ဓာမြုပ်ရရှာသည်
ဘယ်မှာငါဟု ရှိအံနည်း ...

(မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဆုံးမစာ ...)

Post a Comment

Previous Post Next Post