အိမ်ရှင်ကပြည်သူ ခြံစောင့်ကစစ်တပ်




ခြံစောင့်က အိမ်ထဲဝင်

ငါ သခင်ဆိုလေရဲ့ ။


အိမ်ရှင်မှာ လစာပေး

ကြွေး နစ်နေခဲ့။


ကျွန်တော် ကဗျာမရေးတာ အတော်ကြာပြီ။

စစ်တပ်မရှိရင် ဘာဖြစ်သွားမလဲဆိုတော့

ဘာမှ မဖြစ်ဘူး။

ရှင်းရှင်းလေးပဲ ပြည်သူဆိုတာ ရှိနေသ၍

စစ်တပ်ဆိုတာ အသစ်ပြန်ဖွဲ့လို့ ရတယ်။


Professional ကျကျ ဖြစ်ရမဲ့ စစ်ရေးမှာ အားနည်းပြီး

မဆိုင်တဲ့ နေရာတွေမှာ ရှိနေတဲ့ စစ်တပ်ဟာ

ကိုယ်နေရာကိုယ်မရှိဘဲ

ခြံစောင့်က အိမ်ထဲဝင်ပြီး အိမ်ရှင်ကို ခြယ်လှယ်နေတာ နဲ့ အတူတူပဲ။ ပြည်သူက ထောက်လည်း ထောက်ပံ့ရ

ကြောက်လည်း ကြောက်ရနဲ့။


စစ်တပ်ဆိုတာ ( Public Servant)ပဲ။

ပြည်သူ့ဝန်ထမ်းလို့ ဆိုထားပြီး ပြည်သူ့ဝန်ကိုလည်း မထမ်းနိုင် မကာကွယ်နိုင်ရင် ဒီစစ်တပ်ကြီး ဘာလို့ ထားနေဦးမှာလဲ။

ပြည်သူက သခင် စစ်တပ်က ကျွန်ပဲ

သခင်က ကျွန်ကို ကြောက်နေရတာ နည်းလမ်းကျလား ခင်ဗျားတို့ စဉ်းစားပေါ့။


ကိုယ်ရှိသင့်တဲ့ နေရာ ကိုယ်နေ

ကိုယ့်တာဝန် ကိုယ်ယူ

ကိုယ့်အလုပ်ကိုယ်လုပ်တဲ့ စစ်တပ်ဖြစ်ဖို့ လိုတယ်။

အဲလိုမှ မဟုတ်ရင် စစ်တပ်ဆိုတာ အလကားပဲ။


မောင်ဆူးငယ်(ရန်ကုန်)

Post a Comment

Previous Post Next Post