တို့ တိုင်းပြည်မှာ

 


တို့တိုင်းပြည်မှာ

အာဏာယစ်မူး ၊ စစ်ဘီလူးတို့

မထူးဇာတ်ခင်း ၊ ဖျက်ဆီးခြင်းကို

ဉာဏ်ကင်းမဲ့စွာ လုပ်နေတယ်။


တို့ တိုင်းပြည်မှာ

အသေနာဖို့ ၊ အသာနေရင်း

တော်လှန်ခြင်းကို ၊ ငြင်းလျှက်ပြစ်ဆို

မပါလိုသည့် ၊ လူပိုတွေလည်း ရှိသေးတယ်။


တို့ တိုင်းပြည်မျာ

ကျွန်ပမာလို ၊ လွန်စွာ ဘောမ

သဘောကျစွာ ၊ အဘ အဘ

သုံးမရတဲ့ ၊ လူတချို့လည်း ရှိသေးတယ်။


တို့ တိုင်းပြည်မှာ

အာဏာရှင်အောက် ၊ ဒူးထောက်ခစား

ကျွန်ငဖားနှင့် ၊ အမှား အမှန်

ခွဲခြားရန်လည်း ၊ သိဉာဏ်မရှိ

နုံအသည့်လူ ၊ မှိုင်းမိသူတို့ ရှိသေးတယ်။


တို့ တိုင်းပြည်မှာ

ရှက်စရာမို့ ၊ သင်ဟာ ဘယ်လို လူမျိုးလဲ။


နောင်တစ်ခေတ်ခါ ၊ သင့်လိပ်ပြာ

လုံစွာ နေနိုင်ကြပါစေ။ ။


ဆူးငယ်သစ်(ရန်ကုန်)
11:48 PM | Sun 5/16,2021


 
 

Post a Comment

Previous Post Next Post