လွတ်မြောက်ရာ

 


(၁)

စစ်အာဏာ

တွန်းလှန်ရာ ဟန်မလုပ်နဲ့

တွန်းထုတ်ကွဲ့အား။


လူမညီ

မူပလီ စနစ်ဆွေးတွေကြောင့်

စစ်ခွေးတွေ မိုက်ဂုဏ်ဝင့်လိမ့်မယ်

ရဲရင့်ပါလား။


(၂)

စစ်အာဏာ

တွန်းလှန်ကာ နောက်မတွန့်တဲ့

သက်စွန့်မယ့်သား။


(ဪ)

အရေးတော်ပုံ

တွေးမျှော်ယုံ အလှမ်းခက်တာမို့

လမ်းတက်ကာ ပြည့်ဆန္ဒကို

ပြခဲ့တယ်ဗျား။


(၃)

(ဆန္ဒပြရုံဖြင့် မရပြီမို့)

အနိုင်မခံ

အပိုင်နှံ အမျိုးယုတ်ကို

တိုက်ထုတ်ဖို့ တောကိုဝင်။


နောင်အခါ ကိုယ့်သမိုင်းကို

မရိုင်းစေချင်။


အာဏာရှင်

မြန်မာတွင် ချုပ်ငြိမ်းဖို့။


ကိုယ်နိုင်ရာ ဝန်ကိုထမ်း

လွတ်မြောက်ရာ ခရီးကြမ်းတွက်

လမ်းစ ထွင်စို့။ ။


နွေဦးဆူးငယ်(မြောက်ဥက္ကလာ)

ခွပ်ဒေါင်းမာန် အတွဲ(၁) အမှတ်(၆)/စာမျက်နှာ(၃)

Post a Comment

Previous Post Next Post