အဖေ

 




“ကိုး’လကို သူမလွယ်

“ဆယ်’လလည်း သူမဖွား• • • ။

အကြင်နာ မြင်းမိုရ်ဦးရဲ့
ထူးတဲ့ လူသား ။

သွေးသားကို သူ့မှာရင်းလို့
“နေ” အလင်း ပုံပမာ
အဖေသစ္စာ ။

နွေးထွေးစွာ
ပိုက်ထွေးကာ ရင်မှာထား .… ။

ဘဝပုံ မေတ္တာငတ်တဲ့
မြင့်မြတ် လူစား • • • I

ဆူးငယ်သစ် (ရန်ကုန်)

အဖေတွက် အမှတ်တရဖြစ်ခဲ့တဲ့ ကဗျာလေးပါ။ (၁၅.၉.၂၀၁၉) တနင်္ဂနွေနေ့ နံနက်(၆) နာရီအချိန်မှာ ကွယ်လွန်အနိစ္စရောက်သွားခဲ့ပါပြီ။

အဖေကောင်းရာမွန်ရာ ဘုံဘဝကို ရောက်ရှိပါစေ။

Post a Comment

Previous Post Next Post