ငါစွဲ


ခန္ဓာယာဉ် အငှားစီးလို့
ဘဝကြီး ဟုတ်သရောင်
အတ္တ မိုက်မှောင် …။

မေတ္တာကို သူမဆောင်
မာန်ထောင်လို့ စိတ်ကြီး…။

“ငါ” စွဲကာ “ငါ” သာ“ငါ” နှင့်
“ငါ့“ ဥစ္စာ”ငါ”သာပိုင်လို့
“ငါ” ကိုင်ကာ “ငါ“သာစွမ်းသတဲ့
“ငါ့” ဇာတ်လမ်း “ငါ” ဘုရင်
“ငါ“ သခင် “ငါ“ စိတ်များရယ်နှင့်
သေရွာနယ် တစ်ခါလားချိန်မှ
“ငါ”များသူ“ငါ“လူမိုက် ကို
လောင်မြိုက်မယ် မီး …။

ဆူးငယ်သစ်(ရန်ကုန်)
Monday 5, December 2016-2:00 PM

| ဘဝခရီး စိတ်မာန်ကြီးလျှင် လောင်မီးအတိပြီးလတ္တံ|

ဓမ္မဓရ ဒေါက်တာ အရှင်ကုမ္မာရ
ရွှေရတု သာသနာခရီးမော်ကွန်း (၁၃၂၉ – ၁၃၇၉) မဂ္ဂဇင်း
ဂန္ထဝင် ရနံ့ မြန်မာကဗျာ ကဏ္ဍ။

Post a Comment

Previous Post Next Post