တြိဂံလေးကို မမေ့နဲ့

လူဝင်ဆံ့ချင်ပါသလား ?
ပျော်ရွှင်ချင်ပါသလား ?
ဒီတြိဂံလေး မမေ့ပါနဲ့ 

အမြဲပြောလေ့ရှိတဲ့ 
ပေါင်းသင်းဆက်ဆံရေး တြိဂံလေးက ...


၁ ။ Respect (လေးစားမှု)
၂ ။ Trust (ယုံကြည်မှု)
၃ ။ Love (ချစ်ခြင်းမေတ္တာ)


၁ ။ Respect (လေးစားမှု)

Respect လေးစားမှုဆိုတာ သိပ်ခင်တဲ့ သူငယ်ချင်းတွေ ၊ ရင်းနှီးတဲ့ မိတ်ဆွေတွေ ၊ လုပ်ငန်းခွင် လုပ်ဖော်ကိုင်ဖက်တွေ၊ လင်မယားတွေကြားမှာ အပြန်အလှန် respect ထား ဆက်ဆံစရာ လိုသေးလို့လားလို့မေးကြတယ် ။

" လိုတယ် ။ လိုတာမှ အကြီးကြီးကို လိုတာ "

လူလူခြင်း လူ့ဂုဏ်သိက္ခာကို လေးစားပေးရတယ် ။ 

ခင်လို့မင်လို့ စနောက်ရင်တောင် သူ့သိက္ခာကျစေတဲ့ စကားမသုံးရပါဘူး ။ သုံးရင် ဘာဖြစ်လဲဆိုတော့ မိတ်ပျက်ပါတယ် ။

ဒါလေးတောင် သည်းမခံနိုင်ဘူး မတွေးပါနဲ့ ။ တချို့လူတွေမှာ နဲနဲမှအထိမခံနိုင်တဲ့ တန်ဖိုးထားခြင်းတွေ ရှိနေတတ်ပါတယ် ။

ခင်ခင်မင်မင်ဆက်ဆံပါ ။ ရင်းရင်းနှီးနှီးစနောက်ပါ ။ ဒါပေမယ့် လူ့ဂုဏ်သိက္ခာကိုတော့ လေးစားပါ ။

၂ ။ Trust (ယုံကြည်မှု)

ရှင်းပါတယ် ။
ယုံကြည်နိုင်လောက်အောင် ရိုးသားပါ ။
ပွင့်လင်းမြင်သာရှိပါစေ ။ 
ယုံကြည်မှုဆိုတာ တစ်ခါပျက်သွားရင် ထိုသူအပေါ် တစ်သက်လုံး ယုံကြည်မှု ရှိတော့မှာ မဟုတ်တော့ပါ ။

၃။ Love (ချစ်ခြင်းမေတ္တာ)

ဒီနေရာမှာပြောတဲ့ ချစ်ခြင်းမေတ္တာဆိုတာ ကိုယ် ချင်းစာမှုပေါ် အခြေတည်ပါတယ် ။ သူ့နေရာမှာ ငါသာဆိုရင်လို့ တွေးပြီး နားလည်ပေး ချစ်ပေးကြပါ ။

 လူဆိုတာ ပေါင်းသင်းဆက်ဆံရေး သတ္တဝါပါ ။

လူတွေရဲ့ ပျော်ရွှင်ခြင်း မပျော်ရွှင်ခြင်း အများစုက ပေါင်းသင်းဆက်ဆံရေးတွေအပေါ် မူတည်ပါတယ် ။

ကိုယ့်ပတ်ဝန်းကျင်ကို ပိုပြီး အကျိုးပြုနိုင်သူတွေဖြစ်ပြီး ပျော်ရွှင်စွာနဲ့ လူဝင်ဆံ့တဲ့ မျိုးဆက်သစ်တွေ ... လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားတတ်တဲ့ လူကြီး လူကောင်းတွေ ဖြစ်ပေါ်လာဖို့ မျှော်လင့်လျက် ...


#𝘾𝙧𝙚𝙙𝙞𝙩_𝙩𝙤_𝙤𝙧𝙞𝙜𝙞𝙣𝙖𝙡_𝙒𝙧𝙞𝙩𝙚𝙧 

Post a Comment

Previous Post Next Post