Theory of happiness



1922 ခုနှစ်တုန်းက အိုင်းစတိုင်းဟာ ဂျပန်ကိုရောက်သွားခဲ့တယ်။  
......

ဟိုတယ်တခုမှာတည်းနေတုန်း သူ့ကို ဟိုတယ်ဝန်ထမ်းတယောက်က အပြင်ကရောက်လာတဲ့ စာတစ်စောင် လာပေးတယ်။ 

ဝန်ဆောင်မှုလာပေးတဲ့ ဝန်ထမ်းကို မုန့်ဖိုးပေးဖို့ အိုင်းစတိုင်းမှာ ငွေလဲမထားရသေးဘူး။ 

ဒါနဲ့သူက ဝန်ထမ်းလေးကို ခဏနေဦးဆိုပြီး စာရွက်အလွတ်တရွက်မှာ ပျော်ရွှင်ခြင်းသီအိုရီ "Theory of happiness" ဆိုတာလေး ရေးပြီး လက်မှတ်ထိုးပေးလိုက်တယ်။ 

ပျော်ရွှင်ခြင်းဟာ ဘာလဲ? 
လူတယောက်ဘဝမှာ ဘယ်လိုပျော်ရွှင်ခြင်းကို ဘယ်လိုရှာဖွေနိုင်သလဲဆိုတဲ့ ဖေါ်မြူလာပေါ့။ 

အဲ့ဒီဝန်ထမ်းလေးက သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းရေးပေးတာမို့ မြတ်မြတ်နိုးနိုး သိမ်းထားတယ်။ 

အဲ့ဒီ စာရွက်ကလေးကို ဟိုတယ်ဝန်ထမ်းရဲ့ မိသားစုက လေလံတင်ရောင်းချတာ ဒေါ်လာ တစ်သန်းနဲ့ ခြောက်သိန်း ရသွားတယ်။ 

အိုင်းစတိုင်းရဲ့ "Theory of happiness" က 

A calm and modest life brings more happiness than the pursuit of success combined with constant restlessness".

“အေးအေးချမ်းချမ်း ရောင့်ရဲတင်းတိမ်မှုနဲ့ ဖြတ်သန်းရတဲ့ဘဝတစ်ခုက အောင်မြင်မှုတစ်ခု ထိမ်းထားဖို့ အမြဲ ပူပူလောင်လောင် လှုပ်ရှားနေရတဲ့ ဘဝထက် ပိုပြီး ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးတယ်” တဲ့။
 

Post a Comment

Previous Post Next Post