ဒီနေ့ ဟာ လူသားအားလုံးနဲ့သက်ဆိုင်ပါတယ်။


 မြန်မာနိုင်ငံရဲ့ အမေများနေ့ကတော့ နှစ်စဉ်နှစ်တိုင်း ပြာသိုလပြည့်နေ့ လိုသတ်မှတ်ထားတယ် လို့ သိရပါတယ်။

အင်္ဂလန်နိုင်ငံ အမေများနေ့ကတော့ မတ်လ 14 ရက်နေ့လို့ သတ်မှတ်ထားပါတယ်။

စပိန်နိုင်ငံရဲ့ အမေများနေ့ကတော့ ဒီဇင်ဘာ 8 ရက်နေ့ လို့ သတ်မှတ်ထားပါတယ်။

ဒိန်းမတ်၊ ဖင်လန် ၊အီတလီ ၊ တူရဂီ၊ သြစတြီးယ နဲ့ ဘယ်ဂျီယံ နိုင်ငံတွေကလည်း မေလ 9 ရက်နေ့ကို အမေများနေ့လို့ သတ်မှတ်ကြပါတယ်။ ပြင်သစ်နိုင်ငံရဲ့ အမေများနေ့ကတော့ မေလ 30 ရက်နေ့အဖြစ် အသီးသီး သတ်မှတ်ထားကြပါတယ်။

မေလ ၉ ရက်နေ့ကတော့ တကမ္ဘာလုံးအတွက် သတ်မှတ်ထားတဲ့ နေ့လေးပေါ့...

အမေများ နေ့ကိုတော့ နိုင်ငံပေါင်း ၄၀ ကျော်က ကျင်းပပြုလုပ်ကြပါတယ်။

တကယ်တော့ ဒီနေ့ဟာ ကျွန်တော် တို့အားလုံးနဲ့ သက်ဆိုင်တဲ့ နေ့လေးပါ။

သားကောင်းသမီးရတနာ ။ သားဆိုး၊သမီးဆိုးတို့ကို ကောင်းသည်ဖြစ်ဖြစ် မကောင်းသည်ဖြစ်ဖြစ် မွေးဖွားပေးခဲ့တဲ့ ကျွန်တော်တို့အားလုံးရဲ့ အမေများနေ့ပေါ့....


အမေ အမေဆို့တဲ့စကား လေး ခေါ်လို့ ဘယ်တော့မှ မရိုးနိုင်တဲ့စကား...။

အမေဆိုတဲ့စကား လုံး နှစ်လုံးထဲဆိုပေမယ် အဓိပ္ပါယ်လေးနက်လှတယ် အမေ။

တကယ်တော့ အမေဆိုတာ လောက မှာရှိသည်ဖြစ်ဖြစ် မရှိသည်ဖြစ်ဖြစ် သားသမီးတို့ ရဲ့ ရင်ထဲမှာ အမြဲ ထာ၀ရ ရှင်သန်နေတဲ့ အမျိုးသမီးကြီးတစ်ယောက်ပါ။ ....အမေဆိုတာ ဘယ်သူ့မှာမှ မရှိနိုင်တဲ့ မေတ္တာတရား ကြီးမားတဲ့ သူတစ်ယောက်၊ အမေ ကျေးဇူးတင်ပါတယ် အမေ။ လူလောက ကြီးထဲကို ချို့တဲ့ မှုတွေ ကြားထဲက ခေါ်ဆောင်ပေးခဲ့တဲ့ အမေ။ ကျွန်တော်နဲ့ ညီမလေးကို တပြိုင်ထဲ လူလောကကြီးထဲကို ခေါ်ဆောင်ခဲ့တဲ့ အမေ...။ ခု ဆိုရင် ကျွန်တော်တို့ ကိုခွဲသွားခဲ့တာ...။ ၆ နှစ် တိုင်တိုင် ကြာခဲ့ပါပြီ အမေ ။ အမေမရှိတော့ပေမယ့် ကျွန်တော်တို့ ရင်ထဲမှာ အမေရှိမြဲပါ အမေ။


“ဇမ္ဗူတိုင်းမှာ အဖြေညှိပြရရင်

အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့

လူတိုင်းမှာ အမေ ရှိတယ်…။


မရေမရာ ပဟေဠိတွေကြောင့်

အသေအချာ အဖေမသိတောင်မှ

အမေ ရှိတယ်။


ချစ်သဒ္ဓါ ဝေကဲ

ပြည့်တန်ဆာ အမေလည်း အမေ။


အကြွေးကြွယ်လှတဲ့

စျေးသည်မ အမေလည်း အမေ။


အကြောင်းတရား အခြေမွဲ

သူတောင်းစား အမေလည်း အမေ။


သမီးသားတွေ ကြီးထွားစေရော့လို့

စီးပွား အထွေထွေ

စိန် ရွှေ ပတ္တမြား

အိမ် မြေ ကားနဲ့

ငွေသား အမွေ

ပေးနိုင်မှ အမေ မဟုတ်။


ယိုင်နဲ့နဲ့ တဲအတွင်း

လှဲခင်း အိပ်နေစရာ တိုးဖယ်ပေးခဲ့

အရိုးဟင်း တစ်ဖဲ့စီဝေ

ထမင်းရည် အတူတူသောက်

ဗိုက်မှောက်တော့ အတူတူ

ခြင်ထောင်မရှိ ခြုံစောင်မရှိ

ခင်းအိပ်စရာ ဖျာလည်းမရှိလို့

ခြင်ကိုသွေးလှူ အတူတူ

ကြမ်းပိုးသွေးလှူ အတူတူ

အပူကို မျှဝေ

ဒုက္ခကို ပိုမိုလေးနက်စေ

ပညာအမွေ ရွှေအိုး

ရိုးသားမှု ဂုဏ်သိက္ခာ

မေတ္တာ အကြင်နာမှ တစ်ပါး

အခြားပေးစရာ

အထွေထွေမဲ့သော်လည်း

အမေ ဟာ အမေ ပဲလေ…။ ။”


ကျွန်တော် ဒီကဗျာလေးကို အရမ်းနှစ်သက်ခဲ့တယ် အမေ၊ အမေမရှိတော့ပေမယ် အမေဟာ အမေပါပဲ အမေ..။ အမေတိုင်းရဲ့ မေတ္တာတရား ဟာ အနှိုင်းဆမဲ့ မေတ္တာတရားပါ အမေ။


“အမေ ဆိုတာ အမေ ပဲ မို့

ဂုဏ်ဖော်ကာမပြောချင်ပ

အသက်ပေးဖို့လည်း၀န်မလေးပါဘု

အငတ်ခံ စတေးမယ့်လူ


ဘေးကြုံရင် အရှက်ဆိုတာဝေးစွ

တို့ရှေ့ က ရပ်ကာရယ်

ကြက်တစ်ကောင်လို၀ပ်ပါလို့

အန္တာရယ် ရယ်ကင်းစေသား....”


အမေ ကျွန်တော့် ကြောင့် အမေ စိတ်ဆင်းရဲခဲ့ဘူး တယ်။ အမေ့ကြောင့် ကျွန်တော် ပျော်ရွှင်ခဲ့ဘူး တယ်အမေ ။

အမေပြောခဲ့ တဲ့စကား ...။” ဂုဏ်နဲ့ ပကာသဏတွေ အ၀တ်အစားတွေက ငှား၀တ်လို့ ရပေမယ့် ပညာကို တော့ ငှား၀တ်လို့ မရဘူး တဲ့ ... ” အမြဲ တမ်း အမှတ်ရနေပါတယ် အမေ ။ အမေဖြစ်စေချင်တဲ့ သား တစ်ယောက်မဖြစ်ခဲ့တဲ့သား။ အမြဲ တမ်း နောင်တရလျက်ပါအမေ။

အမေ့ မေတ္တာစူးခဲ့တဲ့ သားမို့ သားမိုက်ပြစ်ကို သားခံနေရပြီအမေ ။ ဒါပေမယ့် အမေ ။ အမေရဲ့စကား အမေ့ရဲ့အား နဲ့ အမေသွားစေချင်တဲ့ နေရာ သား ရောက်အောင် သွားနေပါပြီအမေ ။ အမေ ကောင်းရာဘုံဘ၀က နေ စိတ်ချမ်းသာပါစေတော့..။

ဒီနေ့ ဟာ အမေ့ကို ဂုဏ်ပြုတဲ့ နေ့ပါ အမေ ။ အမေရဲ့ ဂုဏ်တွေ ပြောပြရင် မကုန်နိုင်ပါဘူး အမေ။


ဒီနေ့ ဟာ အမေ တို့ နေ့ပါအမေ ။ အမေတွေအားလုံးကို ဂုဏ်ပြုတဲ့ နေ့ပါ။ အမေဆိုတဲ့စကား လုံး နှစ်လုံးထဲဆိုပေမယ် အဓိပ္ပါယ်လေးနက်လှတယ် အမေ။


“ကမ္ဘာပေါ်ရှိ အမေများအားလုံးလည်း

စိတ္တသုခ၊ ကာယသုခ ဆိုတဲ့နှစ်ဖြာသော သုခနဲ့ချမ်းသာပြည့်စုံနိုင်ပါစေ။

ဥပါဒ်ရန်များကင်းဝေး၍ စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ။သား/သမီးတို့၏ ကောင်းကျိုးများ ရရှိခံစားနိုင်ကြပါစေ။

သုခမင်္ဂလာအဖြာဖြာနဲ့ပြည့်စုံနိုင်ကြပါစေ လို့ ဆု တောင်း မေတ္တာ ပို့ သ လိုက် ပါ တယ် ....”


ဆူးငယ်သစ်(ရန်ကုန်)

Post a Comment

Previous Post Next Post