သူ့မှာတမ်း


 သူတို့အဆုတ်၊ ထားခဲ့မြှုပ်သည့်

ဗုံးငုတ်တိုက်မှား၊ မောင်ပြောက်ကြားကို

ရွာသားရွာသူ၊ မေးကြမြူသည်

အူအူယမ်းငွေ့၊ ထတုန်းတည်း..။


"အမောင်ပြောက်ကျား၊ ချစ်သူအားကို

ဘာများ မှာကြားလိုသနည်း"


"ငယ်ကကြင်မြတ်၊ မိသက်မှတ်ကို

ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ..။


"အမောင်ပြောက်ကျား၊ မိဘအားကို

ဘာများ မှာကြားလိုသနည်း"


"မွေးသည့်မိခင်၊ မွေးဖခင်ကို

ဦးတင်ခဲ့ကြောင်း ပြောပါလေ.."


"အမောင်ပြောက်ကျား၊ တိုင်းပြည်အားကို

ဘာများ မှာကြားလိုသနည်း"


"ခရီးမတ်တတ်၊ လမ်းခုလတ်တွင်

ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါ၍

အားနာခဲ့ကြောင်း ပြောပါလေ.."


ယမ်းငွေ့အူအူ၊ တလူလူနှင့်

မေးမြူကြတုန်း၊ အနောက်ကုန်း၀ယ်

နေလုံးကွယ်လေပြီတကား ...။


( မင်းသု၀ဏ် )

Post a Comment

Previous Post Next Post