အမှာစာ
ပုံပြင်တွေ ပြောတတ်တဲ့ ဖိုးသူတော် ကြီးတစ်ပါးကို ခင်ဗျားတို့ မေ့လျော့ သွားလောက်ကြပြီ ထင်ပါသည်။
သူပြောပြခဲ့တဲ့ ပုံပြင်တွေ ကို ၂၀၀၁ ခုနှစ် လောက်က ထုတ်ဝေတဲ့ အလင်းတန်းဂျာနယ်နဲ့တခြားစာစောင်တွေ မှာ ကျွန်တော် ရေး သားခဲ့ဖူးပါတယ်။'ဖိုးသူတော် ပြောသော ပုံပြင်များ ' ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။
ကျွန်တော့်ဘဝရဲ့ တစ်ဆစ်တစ်ချိုးမှာ နားထောင်ခဲ့ရတဲ့ ပုံပြင်တွေ နဲ့ အဲဒီ ပုံပြင်တွေ ကို ပြောပြခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးကို သတိရ ဦးညွတ်စိတ်နဲ့ ရေး ခဲ့တာပါ။
အဲဒီ ပုံပြင်တွေ ကို နားထောင်နေရချိန်မှာ ကျွန်တော် ဟာ ကလေးငယ်လေး တစ်ယောက် မဟုတ်တော့ပါဘူး။ကျွန်တော့်အသက် ၁၆ နှစ် ရှိနေပါပြီ။ နောက်ပြီး ပုံပြင်တွေ ကို နားထောင်ရတဲ့နေရာကလည်း အမေ့ရင်ခွင်ထဲမှာ ၊ ပုခက်ပေါ်မှာ မဟုတ်ပါဘူး။
'ဝင်းခနိမ့်'လို့ခေါ်တဲ့ ရွာလေးတစ်ရွာရဲ့ ရွှေရောင် တလက်လက်တောက်ပနေတဲ့ ချောင်းရေပြင်နံဘေးသော င်ပြင်ပေါ်မှာ …၊ အရိပ်ကောင်းတဲ့ သစ်ပင်ကြီးတစ်ပင်ပင်ရဲ့ခြေရင်းမှာ …၊ ထင်းမီးခိုး တလူလူ ထနေတဲ့ ညလင်း မီးဖိုကြီးရဲ့ နံဘေးမှာ … စတဲ့ နေရာတွေ မှာ ဖြစ်ပါတယ်။
ကြမ်းရှမာကျောတဲ့ခရီးရဲ့ ဆူးခက်တွေ ဖြန့်ခင်းထားတဲ့ မြေပြင်ပေါ်မှာ ပက်လက်လှန်၊ သန်းခေါင်ယံကောင်းကင်က ကြယ်ပွင့်လေးတွေ ကို ရေတွက်ကြည့်ရင်းနဲ့ပဲ လောကခရီးသည်လေး ကျွန်တော် ဟာစွန့်ခွာလာခဲ့ရာ အမေ့ရဲ့ အိမ်ကို သတိရတမ်းတနေခဲ့တယ်။
အဲဒီ အချိန်မှာ ဘဲ ကျွန်တော် ဟာ ပုံပြင်ပြောသူ တစ်ယောက် နဲ့ မိတ်ဆွေ ဖြစ်ခဲ့ရတာ ပေါ့။ သူဟာ ပုံပြင်တွေ ကို ပြောရုံတင်မကပါဘူး။ ပညာရပ်တွေ အကြောင်းကိုလည်း သင်ပေးခဲ့တာပါ။
ဟောင်းပေ့ဆိုတဲ့ ပညာတွေ ထဲမှာ Alchemyလို့ခေါ်တဲ့ အဂ္ဂိရတ် ပညာတွေ ၊ အီဂျစ်သင်္ချိုင်းစာဖတ်နည်းတွေ ပါသလို ခေတ်ပေါ်ပညာတွေ ထဲက Esperanto လို့ခေါ်တဲ့ ကမ္ဘာသုံးဘာသာစကားတွေ ၊ ကွမ်တမ်ရူပဗေဒပညာတွေ လည်း ပါပါတယ်။
ဆေးရည်ခပ်ပျစ်ပျစ်လေးကို သွေးလိုက်ရုံနဲ့နှစ် လက်မထုလောက် ကျောက်ပျဉ်တစ်ချပ်လုံး ကွဲအက်သွားစေနိုင်တဲ့ ဘုတ်ဌက်ရဲ့အရိုးက ဖော်စပ်တဲ့ဆေးလို မြန်မာ့ရိုးရာဆေးနည်းတွေ လည်း
ပါပါတယ်။
ဒါပေမယ့် ကျွန်တော် ကတော့ ဉာဏ်က ခပ်ထိုင်းထိုင်းမို့လို့လားမသိဘူး။ ဘာပညာမှ မတတ်လိုက်ဘူး။ယောင်ဝါးဝါးနဲ့ပဲ ပြီးသွားတယ်။ဘာဆိုဘာမှကို စွဲစွဲမြဲမြဲ မမှတ်မိခဲ့ပါဘူး။
ကျွန်တော့ရင်ထဲမှာ စွဲမြဲကျန်ရစ်တာဆိုလို့ တစ်ခုပဲရှိတယ်။ အဲဒါ ကတော့ သူပြောပြခဲ့တဲ့ပုံပြင်တွေ ပါဘဲ။ အဲဒီ ပုံပြင်တွေ ဟာ စဉ်းစားစရာ အတွေ းစတွေ အများ ကြီးပေးနိုင်တဲ့ ပဟေဠိပုစ္ဆာတွေ နဲ့ တူသလို လျှို့ဝှက်ရတနာသိုက် ရှိရာဆီကို လမ်းညွှန်ထားတဲ့ ပင်လယ်ဓားပြရဲ့ မြေပုံအညွှန်းနဲ့လည်း တူတယ်လို့ကျွန်တော် ခံစားရပါတယ်။
အဲဒီ ပုံပြင်တွေ ဟာ သူ့ရဲ့ကိုယ်ပိုင်ဉာဏ်နဲ့ ဖန်တီးထားတာတော့မဟုတ်ပါဘူး။ သူဖတ်ဖူးသမျှထဲက ထုတ်နုတ်ပြီး ကျွန်တော် ကို ပြောပြခဲ့တာပါ။ ဒါကြောင့် ကျွန်တော် ကလည်း ပြန်ရေး တဲ့အခါ 'ဖိုးသူတော် ပြောသော ပုံပြင်များ ' လို့ပဲ ရည်ညွှန်းခဲ့ပါတယ်။
(ဒီစာအုပ်ထဲမှာ ပါတဲ့ ပုံပြင်အမှတ် (၅) (၈) (၁၁) နဲ့ (၁၂) တို့ဟာ ကျွန် တော့်ဘာသာ ဖန်းတီးရေး သားထားတဲ့ ပင်ကိုရေး ပုံပြင်တွေ ဖြစ်ပေမယ့် သီးခြားခွဲထုတ်မနေတော့ပါဘူး။အဲဒါတွေ ပါ 'ဖိုးသူတော် ' ခေါင်းစဉ်အောက်မှာ ထည့်သွင်းလိုက်ပါတယ်။ တစ်စုတစ်စည်းတည်း ဖြစ်သွားအောင်လို့ပါ။)
နောက်ပြီး အဲဒီ ပုံပြင်တွေ ကနေ တစ်ဆင့် ကျွန်တော့်ဘာသာဆင့်ပွားတွေ း ဖြစ်တဲ့ စိတ်ကူးတွေ ကိုလည်း အက်ဆေးလိုလို ဆောင်းပါးလိုလို အတွေ းတွေ ချရေး ဖြစ်ခဲ့ပါသေးတယ်။ အဲဒါတွေ ကိုတော့ 'ကတ်သီးကတ်သက် အက်ဆေး' ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရေး သားဖော်ပြ ဖြစ်ခဲ့ပါတယ်။
အခု အဲဒါတွေ အားလုံးကို ကြောင်နှစ် ကောင်စာပေက စုစည်းထုတ်ဝေမယ်ဆိုတော့ ပုံပြင်တစ်ပုဒ်ချင်းစီနဲ့ သက်ဆိုင်ရာ အက်ဆေးတစ်ပုဒ်ချင်းစီကို ရှေ့နောက်ဆက်စပ်စီစဉ်ပြီး စာအုပ်တစ်အုပ်လုံးရဲ့ ခေါင်းစဉ်ကိုလည်း 'ကတ်သီးကတ်သတ်' လို့ပဲ နာမည် တပ်လိုက်ပါတယ်။
ဒီစာအုပ်မှာ ( အကြောင်းအမျိုးမျိုးကြောင့် ) တချို့သော ပုံပြင်တွေ တချို့သော အက်ဆေးတွေ ကို ထည်.သွင်းမဖော်ပြနိုင်ဘဲ ချန်လှပ်ခဲ့ရတာ တွေ ရှိပါတယ်။ အလျဉ်းသင့်ရင်တော့ ဒီစာအုပ်မှာ ချန်ရစ်ခဲ့ရတာ တွေ ကို စုစည်းပြီး 'ကတ်သီးကတ်သတ် (၂)' ထွက်နိုင်အောင် ကြိုးစားပါမယ်။
မင်းခိုက်စိုးစန်
ဖိုးသူတော် ပြောသော
ပုံပြင် (၁)
တစ်ခါတုန်းက ..
၀က်ဝံကြီးတစ်ကောင်ဟာ လက်ပတ်နာရီလိုချင်တာနဲ့ မြို့မှာ သွားဝယ်ဖို့ဆိုပြီး ခရီးထွက်လာခဲ့သတဲ့။ သူ လက်ပတ်နာရီ လိုချင်နေတာ ကြာပြီ၊ မြို့ကို ရောက်ဖူးချင်နေတာလည်း ကြာပြီ။မြို့ကိုရောက်ရင် ကြိုးသိုင်းခေါင်းစွပ်ပါတဲ့ တီရှပ်တစ်ထည်ဝယ်မယ်။
ပြီးရင် ကာကီရောင်ဖျော့ဖျော့ ဂျီယော်ဒါနို ဘောင်ဘီရှည်ပါဝယ်ပြီး ဝတ်ဦးမှပဲ… လို့ ဝက်ဝံကြီးက စိတ်ကူးယဉ်သတဲ့။ပြီးမှ မြို့သားတွေရဲ့ စတိုင်အတိုင်း ဆယ်လူလာဖုန်းတစ်လုံး ခါးမှာ ချိတ်ပြီး မြို့ထဲလျှောက်လည်ရင်း နာရီရှာဝယ်မယ်လို့ ဝက်ဝံကြီးက တွေးလိုက်တယ်။သူလိုချင်တဲ့ နာရီက ဒိုင်ခွက် အချိန်ပြဂဏန်းတွေ နေရာမှာ စိန်ပွင့်သေးသေးလေးတွေ မြှုပ်ထားပြီး ပတ်ပတ်လည်မှာ သလင်းကျောက်တွေ စီထားတဲ့ ဒီဇိုင်မျိုး။
ပုံစံလှလှပေါ့။ နာရီက ရွှေရောင်ဖြစ်ရမယ်။ ကြိုးက သားရေကြိုးပျော့အနက်ရောင်ဖြစ်ရမယ်တဲ့။
“နှစ်ပေါင်းတစ်ရာမှာ စက္ကန့်ပိုင်းလောက်ပဲ အချိန်အတိမ်းအစောင်း အလွဲအမှား ရှိရမယ်” လို့ ကြော်ငြာထားတဲ့ ရိုးလက်(စ်) နာရီကို ဝက်ဝံကြီးက သိပ်စိတ်ဝင်စားတာပဲတဲ့..။
“ဘဝမှာ အချိန်ဆိုတာ သိပ်အရေးကြီးတယ်” လို့ ဝက်ဝံကြီးက သူ့ဘာသာသူ တစ်ယောက်တည်း ပြောလိုက်တယ်။ ဒီစကားဟာ ဝက်ဝံကြီး တစ်သတ်လုံး ပြောပြောလာခဲ့တဲ့ သူ့ရဲ့ ခံယူချက်လည်း ဖြစ်တယ်ဆိုပဲ။
ဒီလိုနဲ့ ဝက်ဝံကြီးဟာ တရွေ့ရွေ့လျှောက်ရင်း တောအုပ်ကြီးရဲ့ အပြင်ဘက်ကို ရောက်လာပါလေရော။ တောအုပ်က ထွက်ပြီဆိုတော့ ရွွာနဲ့ နီးလာတာပေါ့။
ရွာနားရောက်တော့ ရွာခြံစည်းရိုး အပြင်ဘက်မှာ ပြောင်းခင်းကြီး တစ်ခင်းကို တွေ့ရတယ်။ ပြောင်းခင်းကြီးက အကျယ်ကြီး၊ မိုးကုပ်စက်ဝိုင်းထိအောင် ကျယ်သလားမှတ်ရတယ်။ မျက်စိတစ်ဆုံးပဲ..တဲ့။
ပြောင်းဖူးတွေကလည်း စားချင်စဖွယ်၊ ပြွတ်သိပ်.. လို့။
“အင်း.. ပြောင်းဖူးတွေက အင်မတန်အရသာ ရှိမယ့်ပုံပဲ။ ငါသွားရမယ့် ခရီးကလည်း ဝေးသေးတယ်။ အဲဒီတော့ လမ်းမှာ စားဖို့ နည်းနည်းပါးပါး ခူးသွားဦးမှပဲ” ဒါနဲ့ပဲ.. ဝက်ဝံကြီးဟာ ပြောင်းခင်းထဲကို တိုးဝင်သွားတယ်။ ပြီးတော့ အကြီးဆုံး အကောင်းဆိုးလို့ ထင်ရတဲ့ ပြောင်းဖူး နှစ်ဖူးကို ရှာပြီး ခူးလိုက်တယ်။
ဒါပေမယ့်.. ရှေ့မှာ အဲဒီထက် ပိုကြီးပြီး ပိုကောင်းတယ်လို့ အောက်မေ့ရတဲ့ ပြောင်းဖူးတွေကလည်း တစ်သီတစ်သန်းကြီး ရှိနေသေးတာ။ ဒါနဲ့ ဝက်ဝံကြီးဟာ ထပ်ပြီးလိုချင်လာပြန်ရော။ ခက်တာက သူ့လက်နှစ်ဖက်မှာ ခူးပြီးသား ပြောင်းဖူးနှစ်ဖူးကို ကိုင်ထားရတော့ လက်မအားတော့ဘူး။
ဒါနဲ့… ၊ ဝက်ဝံကြီးဟာ လက်ထဲက ပြောင်းဖူးနှစ် ဖူးကို ချိုင်းကြားထဲမှာ ညှပ်ထားလိုက်တယ်။ ပြီးတော့ ရှေ ့ကို တိုးတိုးသွားရင်းတွေ ့တဲ့ ပြောင်းဖူးတွေ ကို လက်နှစ် ဖက်ဆန့်ထုတ်ပြီး ခူးပြန်သတဲ့။ အဲသည်လို…နောက်ထပ် ပြောင်းဖူးတွေ ချိုးဖို့ လက်ဆန့်လိုက်တဲ့အခါ ချိုင်းကြားထဲက ပြောင်းဖူးနှစ် ဖူးက ထွက်ကျသွားတာပေါ့။
၀က်ဝံကြီး ကတော့ မသိရှာဘူး။ ပြောင်းဖူးနှစ် ဖူးကို လှမ်းခူးပြီး ချိုင်းကြားထဲညှပ်ထားလိုက်…၊ နောက်ထပ် ပြောင်းဖူးတွေ ထပ်ခူးဖို့ လက်ဆန့်တဲ့အခါ ချိုင်းကြားထဲက ပြောင်းဖူးတွေ က ထွက်ကျသွားလိုက်…။ ခူးလိုက်… ချိုင်းကြားမှာ ညှပ်လိုက်… ပြုတ်ကျလိုက်နဲ့။
နောင် နှစ်ပေါင်းများ စွာ ကြာတော့မှ ဝက်ဝံကြီးဟာ ပြောင်းခင်းကြီးထဲက ပြန်ထွက်လာခဲ့တော့တယ်။ သူ့ချိုင်းကြားမှာ တော့ ပြောင်းဖူးလေး နှစ် ဖူးပဲ ပါလာခဲ့ပါသတဲ့။
သူဟာ သိပ်ကိုအိုမင်း သွားပါပြီ။ မြို့ကိုသွားဖို့ အချိန်လည်း မရှိတော့ပါဘူး။ သူလိုချင်လွန်းလှတဲ့ နာရီကိုလည်း မဝယ်နိုင်တော့ပါဘူး။
" ဘဝမှာ အချိန်ဆိုတာ သိပ်အရေး ကြီးတယ် "
လို့ တတွတ်တွတ် ရေရွတ်ရင်းနဲ့ပဲ သူလာခဲ့ရာ တောအုပ်ဆီ တရွေ့ရွေ့ ပြန်ဝင်သွားရပါသတဲ့။
အဲဒီ ပုံပြင်လေးကို နားထောင်ပြီး ကျွန်တော် တွေ းမိတာတွေ အများ ကြီးပါပဲ။
ကျွန်တော် တို့ဟာ အချိန်တွေ ကို ဘယ်လိုကုန်လွန်စေခဲ့သလဲ? အဲဒီ ကုန်ခဲ့တဲ့ အချိန်တွေ အတွက် တစ်စုံတစ်ရာကို ပြန်ရလိုက်တာလား…? ပြန်ရလိုက်တယ်လို့ထင်နေခဲ့တာလား…? နောက်ဆုံးကျရင်ကော …?
နောက်တစ်နေ့ မနက်အိပ်ရာထတဲ့ အခါကျတော့ ကျွန်တော့်ခုတင်ဘေးမှာ လူ တစ်ယောက် ထိုင်နေတာကို တွေ့ရတယ်။ အံ့သြဖို့ကောင်းတာက အဲဒီ လူဟာ ကျွန်တော် ကိုယ်တိုင်ပါပဲ။ ချိုင်းကြားမှာ ပြောင်းဖူးနှစ်ဖူး ညှပ်လို့…။
မင်းခိုက်စိုးစန်
အချိန်ကာလ
( ၁ )
အီတလီပြည် တရန်တို မြို့နယ်က လူတွေ မှာ ( အယူသီးမှု လား ဘာလားသေသေချာချာ ကွဲကွဲပြားပြား မသိရတဲ့ ) ယုံကြည်ချက်တစ်မျိုးရှိပါတယ်။
အဲဒီ ယုံကြည်ချက် ကတော့ လူ တစ်ယောက် ယောက် ကို ( Wolf Spider ) လို့ ခေါ်တဲ့ ပိုးကောင်တစ်မျိုး ကိုက်လိုက်ရင် အကိုက်ခံရတဲ့ သူဟာ ခြေကုန်လက်ပန်းကျပြီးလဲသွားတဲ့အထိ မရပ်မနား ကခုန်နေရမယ်လို့ ဆိုပါတယ်။
အဲဒီ လို မကခုန်ရင် ပိုးကောင်အကိုက်ခံရတဲ့ သူဟာ ရူးသွပ်သွားတတ်ပါသတဲ့။
( ၂ )
အဲဒါကြောင့် ပိုးကောင်အကိုက်ခံရတဲ့အခါ မြူးမြူးကြွကြွ လှုပ်လှုပ်ရှားရှား ကခုန်နိုင်အောင်လို့ သီချင်း ယတီးလုံးကောင်းတွေ ရေး ထား ၊ စပ်ဆိုထားရတယ်လို့ ဆိုပါတယ်။
အဲဒီ အကကို ' တရန်တဲလား ' အကလို့ နာမည် ပေးထား ပါသတဲ့။ ယနေ့ထက်ထိ အီတလီမှာ ခေတ်စားနေတဲ့ လက်တင်အကတစ်မျိုးပါပဲ။
( ၃ )
ကျွန်တော့် ခံစားချက်ကို ပြောရရင် ' အချိန်ဆိုတာ ( Wolf Spider ) ပိုးကောင်တစ်ကောင်ပါပဲ ' မွေးကတည်းက ကျွန်တော့်တို့ကို ကိုက်လိုက်တဲ့ ပိုးကောင်ပေါ့။
အဲဒီ ပိုးကောင် ကိုက်လိုက်ကတည်းက ကျွန်တော် တို့တွေ လှုပ်ရှား ကခုန်လိုက်ရတာ … ခြေကုန်လက်ပန်း မကျမချင်းပေါ့။ တစ်ခါတလေ စည်းချက်ဝါးချက် ကျချင်မှကျမယ်… ၊ တစ်ခါတလေ စိတ်ထဲက ပျော်ရွှင်ချင်မှ ပျော်ရွှင်မယ်… ၊ တစ်ခါတလေ ကိုယ့် ဝဋ်ဒုက္ခနဲ့ကိုယ်… ကိုယ့်ကို ကိုယ်တောင် ပြန်မုန်းတီးကောင်း မုန်းတီးမိမယ်။ ဒါပေမယ့် ဘာမှ မတတ်နိုင်ပါဘူး။
အဲဒီ ပိုးကောင်ရဲ့အဆိပ်က ကျွန်တော် တို့ရဲ့ သွေးထဲမှာ လှည့်ပတ် စီးဆင်းနေပြီ မဟုတ်လား။ ခြေကုန်လက်ပန်း မကျမချင်း အဲဒီ အဆိပ်က ပြယ်မှာ မဟုတ်ဘူးလေ။
ခြေကုန်လက်ပန်းကျအောင် တစ်ခုခု လုပ်ရမယ့် အတူတူတော့ ပျော်ပျော်ရွှင်ရွှင် ကခုန်နေရတာ က ပိုကောင်းမယ် ထင်ပါတယ်။ ( ကိုယ့်ဘဝနဲ့ကိုယ် လိုက်ဖက်မယ့် တီးလုံးကောင်းကောင်းလေးတွေ တော့ စပ်ထားလိုက်ပေါ့)
အရေး ကြီးတာက … ဒီလို ခုန်ပေါက်နေရတာ ကို ' အဆိပ်က ငါ့ကိုနှိပ်စက်နေတာပါလား ' ဆိုတဲ့ အမြင်နဲ့ မမြင်ပဲ
' ငါက အဆိပ်ကို အသုံးချပြီး ငါ့ရဲ့ ပျော်ရွှင်မှု အတွက် တစ်စုံတစ်ရာ လုပ်နေတယ် ' ဆိုတဲ့ ပဋိလောမအမြင်မျိုး ရှိဖို့ပါပဲ။
( ၄ )
ကျွန်တော် ပြောချင်တာက … ဒီလိုပါ။
- ကျွန်တော် တို့ဟာ ဘဝမှာ အချိန်ရဲ့ ဖိစီးခြင်းကို ခံနေရတာ လား ?
- ကျွန်တော် တို့ဟာ အချိန်ကို အသုံးချနေကြတာလား ?
အချိန်ရဲ့ ရွေ့လျားမှု နဲ့အတူ အရာရာဟာ လိုက်ပါ ရွေ့လျားသွားတာပဲ။
အဲဒီ လို ရွေလျားသွားတဲ့အထဲမှာ လူနေမှု စနစ်တွေ ၊ ယဉ်ကျေးမှု (Culture) တွေ ၊ ကုန်ပစ္စည်းထုတ်လုပ်မှု နဲ့ စျေးကွက်တွေ ပါဝင် သွားပါတယ်။
အဲဒီ အထဲမွာ …..
- အချိန်ရဲ့ ဖိစီးနှိပ်စက်ခြင်းကို ခံလိုက်ရတဲ့သူ…နဲ့
- အချိန်ကို အသုံးချတတ်တဲ့ လူ…
ဆိုပြီးတော့ နှစ်မျိုးကွဲပြားပေါ်ထွက် လာတော့တာပါပဲ။
ဥပမာတစ်ခု ပြောပါ့မယ်။
ပြီးခဲ့တဲ့ ၁၉၇၀ နှစ်များ မတိုင်ခင် ကာလာကဆိုရင် ကမ္ဘာ့ နာရီစျေးကွက်ကို ချုပ်ကိုင်ထားတာက
ဆွဇ်နာရီတွေ ပါ။ ခွေးသွားစိပ်တွေ ၊ ဘောဘဲရင်းတွေ ၊ ငါးကြင်းမြီးခွတွေ ထုတ်လုပ်တဲ့နေရာမှာ ဆွဇ်ဇာလန်ကို ဘယ်သူမှ မမီပါဘူး။ ဘယ်တော့မှ မီမှာ လည်း မဟုတ်ဘူး။
ဒါဆိုရင်… တစ်သက်လုံး ဆွဇ်ဇာလန်ဟာ နာရီတွေ ရဲ့ ဘုရင်နေရာကို ယူထားတော့မှာ လားလို့တွေ းခဲ့ကြပါတယ်။ ဒါပေမယ့် အဲသည်လို မဟုတ်ခဲ့ပါဘူး။
အချိန်ဟာ သိပ်ကို ကြောက်ဖို့ကောင်းတဲ့ မှော ်ဆရာကြီး တစ်ဦးပါ။
၁၉၈၀ ပြည့်နှစ်လွန်ကာလတွေ ကို ရောက်တဲ့အခါမှာ နာရီတွေ နဲ့ ပတ်သက်တဲ့ ယဉ်ကျေးမှု ဟာ အကြီးအကျယ် ပြောင်းလဲ သွားပါတယ်။ခွေးသွားစိပ်တွေ … ငါးကြင်းမြီးခွတွေ ရဲ့ခေတ် ကုန် သွားပါပြီ။
အီလက်ထရွန်းနစ်နာရီတွေ ဟာ စျေးကွက်ကို အပိုင်စီး သွားပါတော့တယ်။ ဆွဇ်ဇာလန်ဟာ သူချုပ်ကိုင်ထားတဲ့ နာရီ စျေးကွက် ၆၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းကို ထိုးကျ သွားပါတယ်။
အီလက်ထရွန်းနစ်ခေတ်ရဲ့ ဘုရင် ဖြစ်တဲ့ ဂျပန်ဟာ နာရီစျေးကွက်ကို လွှမ်းမိုး သွားပါပြီ။
ဒီနေရာမှာ ဆွဇ်ဇာလန်ဘက်က ကြည့်ရင် သူဟာ
' အချိန်ရဲ့ ဖိစီး နှိပ်စက်ခြင်းကို ခံလိုက်ရတဲ့ သူ ' ပေါ့။
ဂျပန် ကတော့' ပြောင်းလဲသွားတဲ့အချိန်ကို ကောင်းကောင်းအသုံးချတတ်တဲ့ သူ ' လို့ပြောရပါလိမ့်မယ်။
( ၅ )
အဲဒီ ဖြစ်ရပ်ကို ကြည့်ပြီး ကျွန်တော် အတွေ းတစ်ခု ရပါတယ်။ အချိန်ပြောင်းလဲတယ်ဆိုတာ အဆောက်အဦးကြီးတစ်ခုလုံး ရွေ့လျား ပြောင်းလဲသွားတာပဲ ဖြစ်တယ်။
ကျွန်တော် တို့ ပိုင်ဆိုင်ရမယ့် အရည်အချင်းက အဲဒီ ပြောင်းလဲမှု ကြီးကို အသုံးချတတ်ဖို့ပဲ။ ( အချိန်နဲ့အတူ ပြောင်းလဲမှု ကို လက်ခံ လိုက်လျော ပြောင်းလဲနိုင်ရမယ်။ ဖြစ်နိုင်ရင် … အချိန်နဲ့အတူ လိုက်ပါ ပြောင်းလဲလာမယ့် အနာဂတ်ကို ကြိုတင် မှန်းဆတွက်ချက် ချင့်ချိန်နိုင်စွမ်း ရှိရမှာ ပါ)
ဒါဟာ … အဆိပ်နဲ့အတူ ကခုန်ခြင်းပါပဲ။
အဲသည်မှ မဟုတ်ဘဲ …၊ ကိုယ်သန်ရာသန်ရာ … စွဲမိစွဲရာ တစ်ခုတည်းကိုပဲ မလွှတ်တမ်း ဖက်တွယ်ထားရင်တော့ အမှု ိက်ပုံထဲ ရောက်သွားမှာ သေချာပါတယ်။ ဒါက မှန်တာ … မှာ းတာ…စတဲ့ 'စံ' တွေ နဲ့မဆိုင်ပါဘူး။ အချိန်က သင့်တဲ့ အဆိပ်ပါ။
အဲဒါကြောင့် ပြောတာပေါ့…အဆိပ်နဲ့ အတူလိုက်ပြီး မကခုန်နိုင်ရင် ရူးသွပ်သွားမယ်ဆိုတာ။
ဒီကနေ့ ၂၁ ရာစုခေတ်ကြီးမှာ Paradigm shift ဆိုတဲ့စကားကို လူပြောများ လာပါတယ်။ လူနေမှု အဖွဲ့အစည်းကြီး တစ်ခုလုံးရဲ့လားရာ ၊ အရှန်း…တစ်ခုလုံး ပြောင်းလဲရွေ့သွားခြင်းပါ။
ကျွန်တော် တို့ အဲဒီ ၂၁ ရာစုခေတ်ကြီးထဲမှာ ဘယ်လိုလိုက်ရွေ့ကြမလဲ၊ ဘယ်လိုကခုန်ကြမလဲ ?
နေကို ကျောပေးပြီးပြေးနေတဲ့ လူ တစ်ယောက် ဟာ သူ့မျက်စိ ရှေ့မှာ အရိပ်ကျနေတာကိုပဲ အမြဲမြင်နေရသတဲ့။
သူ့အတွက်တော့ ဒီအတိုင်းပဲ ဆက်သွားနေရင် အမြဲမှော င်မိုက်နေမှာ ပေါ့။ ဒီမျက်နှာမူရာ တစ်ဖက်တည်းကိုပဲ မလွှတ်တမ်း ဆုပ်ကိုင်သွားတော့မယ် ဆိုရင်တော့… သူဟာ အလင်းကို ဘယ်တော့မှ မမြင်ရမှာ သေချာပါတယ်။
ဒါပေမယ့် တကယ်တော့ ' အလင်း ' ဟာ သူနဲ့ သိပ်အဝေးကြီးမှာ ရှိနေတာ မဟုတ်ပါဘူး။ သူ့နောက်ကျောမှာ တင်ကပ်နေတာပါ။ သူ့ခန္ဓာကိုယ်ကို နည်းနည်း လေး ရွေ့လျား နောက်လှည့်လိုက်ရုံနဲ့ အလင်းကိုမြင်ရမှာ ပါပဲ။
ကျွန်တော် တို့ရဲ့ အတွေးတွေ ကကော ?
သိပ်ဟောင်းနွမ်းနေပြီလား၊ အချိန်နဲ့လိုက်ပြီး မပြောင်းလဲနိုင်လို့ခေတ်နောက်ကျနေပြီလား။
ကျွန်တော် တို့ ကိုယ့်ကိုကိုယ် နည်းနည်း လေး ရှုထောင့် ပြောင်းလိုက်ဖို့ပဲ လိုပါတယ်။
မင်းခိုက်စိုးစန်
ဖိုးသူတော် ပြောသော
ပုံပြင် (၂)
ဖိုးသူတော် ကြီး ပြောပြတဲ့ ဒုတိယ ပုံပြင် ကတော့ ဒီလိုပါ။
…
တစ်ခါတုန်းက
သိပ္ပံပညာရှင်ကြီး သုံးယောက် ဟာ အိမ်တစ်အိမ်ထဲမှာ အတူတူ စုပေါင်းနေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ခက်တာက သူတို့နေ တဲ့အိမ်မှာ ချက်ပြုတ်စားသောက်ဖို့ မီးဖိုတစ်လုံးမှ မရှိဘူး။ ဒါကြောင့် သိပ္ပံပညာရှင်ကြီးတွေ ဟာ ထမင်းစားချိန်ကျရင် ဟိုအိမ်ဒီအိမ်သွားပြီး ထမင်းနည်းနည်း ဟင်းနည်းနည်း လိုက်တောင်းစားရတယ်ဆိုပဲ။
တစ်နေ့လည်းမဟုတ် နှစ်နေ့လည်းမဟုတ် နေ့တိုင်းနေ့တိုင်း၊ မနက်စာ တောင်းလိုက်၊ ညစာတောင်းလိုက်နဲ့ဆိုတော့ ပေးရတဲ့ အိမ်တွေ ကလည်း ငြိုငြင်လာတယ်။
" ခင်ဗျားတို့ကလည်းဗျာ။ တစ်သက်လုံး ဒီလိုချည်းပဲ တောင်းစားနေတော့မှာ လား။ ကိုယ့်ဘာသာကိုယ်လည်း ချက်စားကြဦးမှ ပေါ့"
"ချက်တော့ချက်စားချင်ပါတယ်ဗျာ။ ဒါပေမယ့် မီးဖိုမရှိလို့ပါ"
"မီးဖိုမရှိရင် ဝယ်ပေါ့ဗျ၊ ဒါမှမဟုတ်။ ခင်ဗျားတို့လည်း သိပ္ပံပညာရှင်တွေ ပဲ … ကိုယ့်ဘာသာကိုယ် မီးဖိုလေးတစ်လုံးတောင် ဖြစ်အောင်မလုပ်တတ်ကြဘူးလား "
ဒီလို အပြောခံရတော့ သိပ္ပံပညာရှင်သုံးယောက် ဟာ လေးလေးနက်နက် စဉ်းစားကြပြီး…
" ငါတို့အိမ်မှာ မီးဖိုတစ်လုံးလောက်တော့ ရှိဖို့လိုပြီ " လို့ ဆုံးဖြတ်လိုက်တယ်။
ဒါဖြင့် ဘယ်လိုလုပ်မလဲ ။ စိတ်တိုင်းကျ ဖြစ်အောင်သူတို့ကိုယ်တိုင် ပုံစံဆွဲပြီး တည်ဆောက်ကြမယ်ပေါ့။ ဒီလိုနဲ့ အားလုံး သဘောတူလိုက်ကြတယ်။
အဲဒါနဲ့… မီးဖိုကြီးတစ်လုံး စပြီး တည်ဆောက် ဖြစ်ကြရော ဆိုပါတော့…။
မီးဖိုကြီး မပြီးခင်မှာ ပညာရှင် တစ်ယောက် က အကြံတစ်ခု ရလာတယ်။
"ကျုပ်တို့လုပ်တဲ့ မီးဖိုကြီးက သိပ်ပြီးကြီးနေတော့ တစ်နေရာကတစ်နေရာကို ရွှေ့လို့လွယ်အောင် ဘီးတွေ တပ်လိုက်ရင် မကောင်းဘူးလား"
အဲဒီ အကြံကြောင့် မီးဖိုအောက်ခြေမှာ ဘီးတွေ တပ် ဖြစ်သွားတယ်။ အဲဒီ မှာ တင် နောက် တစ်ယောက် က…
" ဘီးတွေ ကြီးပဲ ရှိနေရင် မီးဖိုကို ရွှေ့ချင်တဲ့အခါ တွန်းနေရမှာ ပေါ့။ ပင်ပန်းပါတယ်။ မောင်းပြီးယူသွားလို့ရအောင် မော်တော် ကားလို စက်တပ်လိုက်ရင် မကောင်းဘူးလား"
ဒါနဲ့ပဲ … မီးဖိုမှာ အင်ဂျင်တွေ စက်တွေ တပ်ဆင်လိုက်ကြတယ်။တတိယသိပ္ပံပညာရှင်က…
"စက်လည်းတပ်ပြီးပြီ၊ ဘီးတွေ လည်းရှိပြီ။ မောင်းလို့လည်း ရနေပြီဆိုတော့… တစ်ခါတည်း လူတွေ ပါလိုက်စီးလို့ရအောင် လုပ်ကြစို့"
လို့ အကြံပေးတယ်။ ဒါနဲ့ပဲ မီးဖိုဟာ လူစီးလို့ရတဲ့ ယာဉ်ကြီး ဖြစ်သွားရော။
သိပ္ပံပညာရှင်ကြီးတွေ မီးဖိုတစ်ခုဆောက်နေတယ် ကြားလို့ လာကြည့်တဲ့ လူ တစ်ယောက် က အဲဒီ မီးဖိုကိုလည်း မြင်ရော ရင်သပ်ရူမော ဖြစ်သွားပြီး…
"အို… အံ့မခန်းလက်ရာပဲ"
လို့ချီးကျူးတယ်။ အဲဒီ လူက စပြီး သတင်းဖြန့်လိုက်လို့ ကြားရတဲ့ သူမှန်သမျှ မီးဖိုကြီးကို ကျိတ်ကျိတ်တိုး လုယက်တိုးဝှေ့ ကြည့်ကြပါရော…တဲ့၊
ကြည့်တဲ့ သူတိုင်းကလည်း မီးဖိုကြီးကို အမျိုးမျိုး ချီမွမ်းကြတယ်။ ချီးမွမ်းသံတွေ ကြားရလေလေ…သိပ္ပံပညာရှင်ကြီးတွေ ကလည်း ပိုပြီး ကျေနပ်အားရလာလေလေ… သူတို့ လက်စွမ်းကို ပြချင်လာလေလေပေါ့။
ဒါနဲ့ သိပ္ပံပညာရှင် တစ်ယောက် က မီးဖိုကြီးမှာ နောက်တွဲ တပ်ပြီး ရေချိုးခန်း၊ ဧည့်ခန်းတွေ ၊ အိမ်သာတွေ ကိုပါ အလိုလျောက်စနစ်နဲ့ဖွဲ့စည်းပြောင်းလဲ လို့ရအောင် တပ်ဆင်လိုက်တယ်။
နောက် တစ်ယောက် ကတော့ လေဖိအားသုံးစနစ်နဲ့ မီးဖိုကြီးကိုစီးပြီး ကောင်းကင်ပေါ် ပျံလို့ရအောင်လုပ်တယ်။ မီးဖိုကြီးဟာ မိုးလေဝသ အခြေအနေကိုလည်း တိုင်းတာပေးနိုင်တယ်။
တတိယ သိပ္ပံပညာရှင် ကတော့ မီးဖိုကြီးအတွင် းမှာ ကွန်ပျူတာ တစ်လုံး တပ်ဆင်လိုက်တယ်။ သိချင်တဲ့ ပြသနာမှန်သမျှကို အဲဒီ ကွန်ပျူတာက အဖြေပေးနိုင်တယ်ဆိုပဲ။ မီးဖိုကြီးကို လာကြည့်ကြတဲ့ လူတွေ ကမွေးနေ့သက္ကရာဇ်ကို စာရွက်တစ်ရွက်မှာ ရေး ပြီး မီးဖိုထဲထည့်လိုက်ရင် ကွန်ပျူတာက ဗေဒင်ဟောပေးတယ်…တဲ့။
လူတွေ က မီးဖိုကြီးရဲ့ ကွန်ပျူတာဗေဒင်ဟာ သိပ်မှန်တာပဲလို့ချီးမွမ်းကြတယ်။
နောက်ဆုံးတော့… မီးဖိုကြီးကို အစစအရာရာ တပ်ဆင်လို့ ပြီးသွားကြတယ်။ ကမ္ဘာပေါ်မှာ အဆန်းဆုံး အထူးခြားဆုံး အပြည့်စုံဆုံး မီးဖိုကြီးပါ။ ချွတ်ယွင်းချက်ကလေးတစ်ခုပဲ ရှိတယ်။
အဲဒီ မီးဖိုမှာ မီးမွှေးလို့ မရဘူး…တဲ့။
သိပ္ပံပညာရှင်ကြီး သုံးယောက် ဟာ အရင်ကလိုပဲ ထမင်းတွေ ဟင်းတွေ လိုက်တောင်းစားနေရတာ ပါပဲတဲ့။
ဖိုးသူတော် ကြီး ပြောပြခဲ့တဲ့ ပုံပြင် ကတော့ ဒါပါပဲ။
ကျွန်တော် ကတော့ ပုံပြင်ကို နားထောင်ပြီး အများ ကြီး လျှောက်စဉ်းစားနေမိတယ်။
" ဘဝမှာ ကျွန်တော် တို့ဟာ ဘာတွေ ကို တည်ဆောက်နေခဲ့ကြပါလိမ့်…" လို့။
မင်းခိုက်စိုးစန်
ရည်မှန်းချက်ပန်းတိုင်
( ၁ )
"ကျွန်တော် တို့ဟာ ဘာတွေ ကို တည်ဆောက်နေခဲ့ကြပါသလဲ"
ဒသနိကသမိုင်းမှာ ဒီ(D)နှစ် လုံး ရှိပါတယ်။
အနောက်တိုင်း ဒသနက Development လို့ခေါ်တဲ့ ' တိုးတက်မှု ' ဆီကို ဦးတည်ပါတယ်။ သူတို့ရဲ့ အတွေ းအခေါ်က လူနေမှု ဘဝပုံစံ မြင့်သထက်မြင့်လာအောင်…၊ လိုအပ်ချက်တွေ ပြည့်စုံသထက် ပြည့်စုံလာအောင်…၊ ဇိမ်ကျသည်ထက် ပိုပြီးဇိမ်ကျလာအောင်…၊ ဦးတည်တဲ့ အတွေ းအခေါ်ပါ။
အရှေ့တိုင်း ဒဿန ကတော့ Detachment လို့ခေါ်တဲ့ အတွယ်အတာ အနှောင်အဖွဲ့တွေ ကို ဖြတ်တောက်ဖို့ဆီ ဦးတည်ပါတယ်။ သူတို့က လူ့ဘဝမှာ ဒုက္ခတွေ တိုးပွားနေရတာ ၊ သော က ပရိဒေဝတွေ ဖိစီးနေခြင်းရဲ့ အကြောင်းအရင်းဟာ 'လိုချင်တပ်မက်မှု တွေ ၊ လောဘတွေ ၊ သမုဒယတဏှာ ' တွေ ကြောင့် လို့ ခံယူပါတယ်။
ဒီနေရာမှာ … တူညီတာတစ်ခုက အတွေ းအခေါ်လမ်းကြောင်းတိုင်းဟာ လူတွေ ကို စိတ်ချမ်းသာမှု ပေးဖို့ပါပဲ။ တစ်ဖက်က လူတွေ ကို လိုတရတဲ့ လောကသစ်ဆီကို ခေါ်ဆောင်သွားခြင်းအားဖြင့် စိတ်ချမ်းသာမှု ပြည့်ဝစေနိုင်လိမ့်မယ်… လို့ မျှော်လင့်ထားချိန်မှာ … အခြားတစ်ဖက် ကတော့ လူတွေ ရဲ့ ပရိဒေဝသော ကတွေ ရဲ့ အကြောင်းရင်းခံတွယ်တာ နှောင်ဖွဲ့မှု ကို ဖြတ်တောက်ဖယ်ရှားခြင်းအားဖြင့် စိတ်ချမ်းသာမှု ပေးနိုင်လိမ့်မယ်လို့မျှော်လင့်ထားတာပါ။
ဒါပေမယ့်… လူတွေ တကယ်စိတ်ချမ်းသာကြပါရဲ့လား။ ဒါကြောင့် မေးတာပါ…
' ကျွန်တော် တို့ဟာ ဘာတွေ ကို တည်ဆောက်နေခဲ့ကြပါသလဲ လို့'
တကယ်တော့ ကျွန်တော် တို့ အားလုံးလိမ်ညာနေကြတာပါ။
ကျွန်တော် တို့ဟာ အမှန်တကယ် စိတ်ချမ်းသာမှု ကို လိုချင်တာ မဟုတ်ပါဘူး ။ တခြားဟာတွေ ကိုပဲ လိုချင်နေကြတာ ဖြစ်ပါတယ်။
ပိုပြီး တိတိကျကျ ပြောရရင်…
' စိတ်ချမ်းသာမှု ' လို့ နာမည် တပ်ထားတဲ့ တခြားဝေယျာဝစ္စတွေ ကိုသာ လိုချင်နေကြတာ ဖြစ်ပါတယ်။
( ၂ )
ဒီနေရာမှာ ကြုံလို့ ဟာသလေးတစ်ခု ကြားညှပ်ပြီး ပြောချင်ပါတယ်။
အလှူအိမ်တစ်ခုမှာ ပါ။ အလှူရှင်က ကြွလာတဲ့ ဧည့်သည်တွေ ကို ဆီးကြိုနှုတ်ဆက်ပြီး ပြောပါတယ်။
' ကြွပါ… ကြွပါ။ စိတ်ကြိ ုက်သာ သုံးဆောင်ကြပါ။ လူလိုပဲ စားစား ၊ တိရိစ္ဆာန်လိုပဲ စားစား… ကြိ ုက်သလိုသာ စားကြပါ '
' ခင်ဗျား ဘာစကားပြောတာလဲဗျ '
' သြော် … တိရိစ္ဆာန်တွေ က စားလို့ဝရင် ပြန်သွားကြတာပဲ။ အထုပ်ထုပ်ပြီး အိမ်ပြန်ထပ်သယ် မသွားကြဘူး '
ဟုတ်ပါတယ်။ ကိုယ့်အတွက် လိုအပ်သမျှလေး ပြီးငြိမ်းတာတောင်မှ နောက်ထပ် အထုပ်ထုပ်ပြီး သယ်သွားတတ်တာ… ' လူ ' ပဲရှိပါတယ်။ ဒီလိုသတ္တဝါမျိုးကမှ သော ကမရောက်ရင် ဘယ်လို သတ္တဝါမျိုးက သော ကရောက်ဖို့ရှိသေးလို့လဲ။
ဒါကြောင့် … ကျွန်တော် တို့ တည်ဆောက်နေကြတာဟာ ကိုယ့်အတွက် လိုအပ်သမျှ အတိုင်းအတာရဲ့ ဘောင်အတွင် းမှာ သာမ ကတော့ပဲ ကိုယ်သယ်ယူသွားချင်တဲ့ အထုပ်တွေ ဖြစ်လာပါတယ်။
အဲဒါနဲ့ပဲ… အထုပ်အပိုးတွေ ကို သယ်ရွယ်ရင်း ' စိတ်ချမ်းသာမှု ရရေး ' ဆိုတဲ့ မူလရည်ရွယ်ချက်ဟာ ပျောက် သွားပါတော့တယ်။
တွယ်တာနှောင်ဖွဲ့မှု တွေ ကို ဖြတ်တောက်မယ်ဆိုတဲ့ သူတွေ ကကော တကယ်ပဲ ဖြတ်တောက်နိုင်တာ ဟုတ်ရဲ့လား ?
တချို့ကဆိုရင် ကိုယ့်ကိုကိုယ်ညှင်းဆဲကြတယ်။ စားချင်တာကိုမစားပဲ အစာငတ်ခံပြီးနေတယ်။ အပူဒဏ် အအေးဒဏ်ကို လွန်လွန်ကဲကဲခံရတဲ့ (ခေါင်းပါးတဲ့ ) အကျင့်တွေ ကျင့်ကြတယ်။ မာကြောကြမ်းတမ်းတဲ့အိပ်ရာမှာ အိပ်တယ်။ လုံခြုံကောင်းမွန်တဲ့ အဝတ်အစားတွေ ကို ပယ်စွန့်ပြီး ချို့ချို့တဲ့တဲ့ ဝတ်ဆင်ကြတယ်။
ဒါပေမယ့်… အဲဒီ လုပ်ရပ်တွေ ဟာ တကယ်တမ်း ဖြတ်တောက်စွန့်လွှတ်တဲ့လုပ်ရပ်တွေ လို့ ရာခိုင်နှုန်ပြည့် ယုံကြည်ဖို့ခက်နေပြန်ရော။ ဘာ ဖြစ်လို့လဲဆိုတော့ … အဲဒီ စွန့်လွှတ်တဲ့ လုပ်ရပ်တွေ ထဲမှာ ကိုက ' နောင်ဘဝမှာ ( သို့မဟုတ် ) လက်ရှိလောက မဟုတ်တဲ့ တခြားသော လောကတစ်ခုမှာ ချမ်းသာရရှိရေး ' ဆိုတဲ့ စိတ်ကုူး အကောင်အထည်ကြီးတစ်ခုကို တည်ဆောက်မိလျက်သား ဖြစ်နေပြန်တာပဲ။
ဒါကြောင့် ပြောတာပါ…။
လူဆိုတာ ကိုယ့်ဘာသာကိုယ် ဘာတည်ဆောက်လို့ တည်ဆောက် နေမိမှန်း မသိတဲ့ သတ္တဝါ ဖြစ်တယ်… ဆိုတာ။
( ၃ )
နိဂုံးချုပ်အနေနဲ့ ရုရှား ဟာသဝတ္ထုရေး ဆရာ ' မတ်ရိုဇိုစကီး' ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိထဲက စာသားလေး တစ်ကြောင်း နှစ် ကြောင်းကို ဖော်ပြချင်ပါတယ်။
သူက သူ့အကြောင်းသူ ဘယ်လို ပြန်ရေး သလဲဆိုတော့-
' (၁) ကျွန်ုပ်သည် ငါးနှစ်သားအရွယ်တွင် သုံးကျပ်တန် ဒင်္ဂါးတစ်ပြားကို မျိုချလိုက်မိသည်။
ထိုအချိန်မှစကာ ကျွန်ုပ်တွင် ငွေရလိုသော လောဘသည် အဆက်မပြတ် ဖြစ်ပေါ်ခဲ့သည်။
( ၂) ကျွန်ုပ်သည် အသက် ၂၄ နှစ်တွင် လက်ထပ်သည်။
ထိုအချိန်မှစကာ နှစ်စဉ် လက်ထပ်နိုင်ရန် အားထုတ်ပါတော့ သည်။'
သူ ကတော့ ရယ်စရာ မောစရာ လို့ပြောတာပါပဲ။ ဒါပေမယ့် ကျွန်တော် ကတော့တွေ းမိပါတယ်။
ဟုတ္သားဘဲ…. လို ့။
ကျွန်တော် တို့ရဲ့ ရခဲလှတဲ့ လူ့ဘဝတစ်လျှောက်လုံးမှာ တည်ဆောက်နေတာဟာ တစ်နေ့… တစ်နေ့ ၊ တစ်နှစ်… တစ်နှစ် ဒီလိုနဲ့ပဲ ပြီးနေတာပဲ မဟုတ်လား။
တကယ့် ရည်ရွယ်ချက်ကို မျက်ခြေပြတ် ပျောက်ဆုံးနေပြီလားဆိုတာ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ဖို့ကောင်းနေပါပြီ။
မင်းခိုက်စိုးစန်
ဖိုးသူတော် ပြောသော
ပုံပြင် (၃)
ဖိုးသူတော် ကြီး ပြောပြခဲ့တဲ့ တတိယ ပုံပြင် ကတော့… အတော် ကို အူကြောင်ကြောင်နိုင်တဲ့ လူ တစ်ယောက် အကြောင်းပါ။
' အူကြောင်ကြောင် ' ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို သေသေချာချာ ကျကျနနတော့ ကျွန်တော် နားမလည်ပါဘူး။ အဲဒီ လိုဆိုရင်းက ' သိပ်ကို အသိဉာဏ်နည်းလွန်းတာ ၊ ထုံထိုင်းလွန်းတာ ' လည်း ဖြစ်ချင် ဖြစ်မယ်။ ဒါမှမဟုတ် ' မဟုတ်တဲ့နေရာမှာ သွားပြီး တလွဲတချော် ထူးချွန်ထက်မြက်နေတာ ' လည်း ဖြစ်ချင် ဖြစ်မှာ ပေါ့။
ကျွန်တော် ကတော့ ( အဓိပ္ပာယ် သေသေချာချာ နားမလည်ပေမယ့် ) ဒီနေရာမှာ ' အူကြောင်ကြောင်' ဆိုတဲ့ဝေါဟာရကိုပဲ သုံးလိုက်ပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ အဲဒီ ပုံပြင်ထဲက လူဟာ စောစောက ပြောခဲ့တဲ့ အချက်နှစ်ချက်အနက် တစ်ခုမဟုတ်တစ်ခုတော့ ဖြစ်နေမှာ သေချာလို့ပါပဲ။
ဖိုးသူတော် ကြီးရဲ့ အပြောအရတော့ အဲဒီ လူဟာ ပြန်ပေးဆွဲ ခံလာရတာ တဲ့…။ ဘယ်လောက်ချမ်းသာလို့ ပြန်ပေးဆွဲခံရတာ လဲတော့ မပြောတတ်ဘူး။ ပြန်ပေးဆွဲတယ်ဆိုတော့ ဖမ်းလာတဲ့သူတွေ က လူဆိုးတွေ ပဲ ဖြစ်မှာ ပေါ့။ အင်း… အဲဒီ လိုပဲ ခေါ်ရမှာ ပဲ ။ လူဆိုးတွေ က ဖမ်းခေါ်လာတယ် ဆိုပါစို့။
အဲဒီ လူရဲ့ ခြေနှစ်ဖက်ကို ပူးပြီး ကြိုးနဲ့ချည်ထားတာတဲ့။ လက်နှစ်ဖက်ကိုလည်း နောက်ပြန်ကြိုးတုပ်ထားတယ်။
ပြီးတော့ …. အဲဒီ လူကို ရထားတွဲ အလွတ်တစ်ခုပေါ် တင်ပြီး လူဆိုးတွေ က ခေါ်လာကြရောတဲ့။ ရထားကလည်း ခရီး အဝေးကြီးသွားရတဲ့ ရထားကြီး… ။ တအိအိ ခုတ်မောင်းလာခဲ့တာ။
အဲဒီ လိုနဲ့ လာရင်း… လာရင်း တောင်ကွေ့တစ်ခုကို ပတ်ပြီး ခုတ်မောင်းရတဲ့အခါကျတော့ ရထားရဲ့ အရှိန်က တော် တော် နှေးသွားတယ်။ ရွေ့တယ်ဆိုရုံလေးပဲ ။ ခရီးအဝေးကြီး ခုတ်မောင်းလာရတာ ဆိုတာ့ အဲဒီ အချိန်မှာ လူဆိုးတွေ ကလည်း ပျင်းပျင်းရိရိနဲ့ အိပ်ပျော်ကုန်ကြပြီ။
ရထားလည်း အရှိန်နှေးသွားရော ကြိုးတုပ်ခံထားရတဲ့ သူဟာ 'အခွင့်သာပြီ' လို့တွေ းပြီး အတက်အဆင်းပေါက်ဝကနေ အလစ်မှာ ခုန်ချလိုက်တယ်။
ခြေနှစ်ချောင်း လက်နှစ်ချောင်းကို ကြိုးတုပ်ခံထားရတာ ဆိုတော့မြေကြီးပေါ်လိမ့်… လိမ့်ထွက်သွားတာပေါ့။ လူဆိုးတွေ ကလည်း ဘယ်သူမှ မမြင်လိုက်ကြဘူး။
ကြိုးတုပ်ခံထားရတဲ့ သူဟာ ရထားလွန်သွားတဲ့အထိ ချုံပုတ်တွေ ၊ မြက်ပင်အရှည်တွေ ကြားမှာ ဝပ်နေရတယ်။ နောက်… ရထားအတော် ကြီးဝေးသွားလို့ စိတ်ချရပြီဆိုမှ သူ့ကိုယ်သူ အနိုင်နိုင်ထိန်းပြီး မတ်တတ်ထရပ် ရတာ ပေါ့။
၀မ်းသာစရာကောင်းတာက ခပ်လှမ်းလှမ်းမှာ ရွာတစ်ရွာ တွေ ့လိုက်ရတယ်။ ခက်နေတာက တစ်ခုတည်း… သူ့ခြေထောက်နဲ့ လက်တွေ က ကြိုးတွေ ကို ဖြေလို့မရဘူး။ ဒါနဲ့… သူဟာခြေနှစ်ဖက် ပူးလျက်သား စုံခုန်ပြီး သွားရတယ်။ ခုန်ဆွ ခုန်ဆွ သွားလိုက်… မောရင် ခဏနားလိုက်နဲ့ သွားရင်း ရွာနဲ့ တဖြည်းဖြည်းနီးလာတာပေါ့။ မောကလည်းမော… ဗိုက်က လည်းဆာနေပြီ။
အဲဒီ အချိန်မှာ ရွာထဲက ထွက်လာတဲ့ လူ တစ်ယောက် က သူ့ကို မြင်သွားတယ်။ ရုတ်တရက်တော့ လန့်သွားပုံပဲ။ အနားမကပ်ရဲဘူး။ ကြိုးတုပ်ခံထားရတဲ့လူက လှမ်းအော်ခေါ်ပြီး အကျိုးအကြောင်း ရှင်းပြတယ်။
" လူဆိုးတွေ ဖမ်းလာလို့ ဒုက္ခရောက်လာသူပါ.." ပေါ့။ "ကြိုးဖြေပေးပါ…" ပေါ့ စသည်ဖြင့် ပြောတယ်။ ကံဆိုးချင်တော့ သူပြောတဲ့ ဘာသာစကားကို ရွာခံလူက နားမလည်ရှာဘူး။ ဒါနဲ့ ကြိုးတုပ်ခံထားရတဲ့သူက ခုန်ဆွခုန်ဆွသွားရင်း သူ့အ ဖြစ်ကို ရွာခံ လူသဘောပေါက်အောင် ကြိုးစားရှာပေရဲ့။
ဒါပေမယ့်… ရွာခံလူက သူ ခုန်ဆွခုန်ဆွ သွားနေတာက်ို အထူးအဆန်းလိုပဲ ငေးကြည့်နေတယ်။ ကြိုးကိုတော့ လာမဖြေပေးဘူး။ ခဏနေတော့ ရွာခံလူဟာ ရွာထဲကို လှစ်ခနဲ ပြန်ဝင်သွားတယ်။
နောက်… သိပ်မကြာပါဘူး။ ရွာခံလူရယ်… သူ့ဇနီးရယ်… သူ့ကလေးနှစ်ယောက် ရယ်ဟာ ကြိုးတုပ်ခံထားရတဲ့ သူဆီပြန်ရောက်လာ ကြတယ်။ လက်ထဲမှာ လည်း ထမင်းတွေ ဟင်းတွေ အပြည့်အမောက် ထည့်ထားတဲ့ ဇလုံကြီး ကိုင်လို့…။
သူတို့တွေ ဟာ ထမင်းပန်ကန်ကို ကြိုးတုပ်ခံထားရတဲ့ လူရှေ့မှာ ချပေးလိုက် ကြပြီး ခပ်လှမ်းလှမ်းက ရပ်ကြည့်နေကြတယ်။ သူတို့အားလုံးရဲ့ မျက်နှာပေါ်မှာ တော့…
" ဒီသတ္တဝါဟာ အစာကို ဘယ်လိုစားမှာ ပါလိမ့် " လို့သိချင်တဲ့ စိတ်တွေ ဟာ မပွင့်တပွင့်ဟ နေတဲ့ တံခါးချပ်တွေ လိုပါပဲ ။
ကြိုးတုပ်ခဲထားရတဲ့ သူဟာ အစ ကတော့ နည်းနည်း စိတ်ရှုပ်သွားတယ်။ ကြိုးမှ မဖြေပေးဘဲ ဘယ်လိုလုပ်ပြီးစားမလဲ… ပေါ့။ အဲဒီ အချိန်မှာ ဗိုက်ကလည်းတအားဆာနေပြီ။ သူ ဟန်မဆောင်နိုင်တော့ဘူး။ ဒါနဲ့… ရှေ့မှာ ချပေးထားတဲ့ ပန်းကန်ထဲက ထမင်းတွေ ကို ပါးစပ်နဲ့ ကုန်းကုန်းဟပ်ပြီးတော့ပဲ စားပစ်လိုက်တော့တယ်။
အဲဒီ လို စားလည်း စားလိုက်ရော … ဘေးကနေ ရပ်ကြည့်နေတဲ့ ရွာခံ မိသားစုဟာ လက်ခုပ်လက်ဝါးတီးပြီး ပျော်ရွှင်တဲ့ အသံနဲ့ အော်ကြဟစ်ကြတာ ဆူညံသွားတာပဲ…တဲ့။ နောက် … သူတို့အချင်းချင်း ( သူတို့ဘာသာ စကားနဲ့) တွတ်ထို း ပြောကြပြီး ရွာထဲက လူတွေ ကို သွားပြန်ခေါ်ကြတယ်။
ရွာထဲက လူတွေ အကုန်လုံး ထွက်လိုက်လာကြပြီး သူ့ကို ထူးဆန်းတဲ့ သတ္တဝါ တစ်ကောင်လို ဝိုင်းကြည့်ကြတယ်။ နောက် … ရွာထဲကို ခေါ်သွင်းကြတယ်။ သူ ကတော့ ထုံးစံအတိုင်း ခုန်ဆွခုန်ဆွနဲ့ သွားရတာ ပေါ့။ အဲဒီ လို သွားတာကို မြင်ရတော့ ရွာခံလူတွေ ဟာ အံ့သြလို့ မဆုံးဘူး။
နောက်… သူ့ကို စားစရာတွေ ကျွေးကြတယ်။ သူ ကတော့ ပါးစပ်နဲ့ ကုန်းကုန်းဟပ်ပြီး စားရတာ ပေါ့။ ရွာထဲက လူတွေ ကလည်း သဘောကျ ၊ သူလည်း ဗိုက်ဝ… အဆင်ကို ပြေနေတာပဲ။
ဒီလို နဲ့ သူဟာ အဲဒီ ရွာမှာ တဖြည်းဖြည်းနေသားကျလာတော့တာပဲ။ တစ်ခါတစ်ခါ နေ့လယ်နေ့ခင်း ပျင်းရင် ရွာထဲကို ခုန်ဆွခုန်ှဆွနဲ့လျှောက်သွားတယ်။ သူ့ကို ဟိုအိမ်က ခေါ်ကျွေး ၊ ဒီအိမ်က ခေါ်ကျွေးနဲ့။
ပျင်းရင်သာ အဲသည်လို လျှောက်သွားတာပါ။ စားချင်သောက်ချင်လွန်းလို့တော့ မဟုတ်ဘူး။ ဘာ ဖြစ်လို့လဲ ဆိုတော့ သူနေတဲ့ တင်းကုပ်ထဲမှာ စားစရာတွေ ဆိုတာ အလျှံပယ်ပဲ ။ ရွာသားတွေ က စားစရာလေးတစ်ခုခုရလာတာနဲ့ သူ့ကို အရင်ဆုံး သတိရကြတာကိုး ။ " သူ ဘယ်လို များ စားမလဲ " သိချင်တာနဲ့ လာလာ ကျွေးကြလွန်းလို့ အစားအသောက်ဆိုတာ သူ့အတွက် ပူစရာမလိုအောင်ပဲ။
သူ့မှာ တစ်နေ့တစ်နေ့ စားလိုက်သောက်လိုက် ၊ပျင်းရင် ခုန်ဆွ ခုန်ဆွ သွားလိုက်…နဲ့။ မသွားချင်ရင် တင်းကုပ်ထဲမှာ ပဲ တရေး တမောအိပ်တယ်။ ကြိုးတုပ်ခံထားရတော့ ပက်လက်အိပ်မရလို့ ခပ်စောင်းစောင်း ခပ်ကွေးကွေးလေး အိပ်ရတာ ကလွဲရင် အားလုံး အဆင်ပြေပါတယ်။
အဲဒီ လိုနဲ့… နှစ်ပေါင်းများ စွာ ကြာသွားပြီးနောက်…၊ တစ်နေ့မှာ အဲဒီ ရွာကို ဧည့်သည် တစ်ယောက် ရောက်လာတယ်။ အဲဒီ ဧည့်သည်က ကြိုးတုပ်ခံထားရတဲ့ သူကို မြင်တော့ အရမ်း အံ့သြသွားတာပေါ့။ တစ်ချိန်တုန်းက သူနဲ့ တစ်မြို့တည်းသားချင်း ဖြစ်မှန်း မှတ်မိသွားပြီး…
" ခင်ဗျား ဘယ်လို ဖြစ်ပြီး ဒီကို ရောက်နေရတာ လဲ။ လက်တွေ ခြေထောက်တွေ မှာ လည်း ကြိုးတွေ နဲ့…"
လို့မေးတော့ ကြိုးတုပ်ခံထားရတဲ့ သူက လူဆိုးတွေ ဖမ်းသွားတာက စပြီး အကြောင်းစုံကို ပြန်ပြောပြလိုက်တယ်။ ဒါနဲ့ ဧည့်သည်က ….
" ကဲ…ကဲ ၊ ဒါဆို ခင်ဗျားလက်တွေ ခြေထောက်တွေ က ကြိုးကို ကျွန်တော် ဖြေပေးပါ့မယ်ဗျာ "
လို့လည်း ပြောလိုက်ရော ကြိုးတုပ်ခံထားရတဲ့ သူဟာ စိုးရိမ်တကြီးနဲ့…
" ဟင့်အင်း၊ ဟင့်အင်း။ မဖြေပေးနဲ့ဗျ။ မ ဖြစ်ဘူး "
" ဘာ ဖြစ်လို့လဲဗျ "
" ကျုပ်အခုလို စားစရာ သောက်စရာ မပူပင်ပဲ အလျှံပယ်ရနေတာ ဘာကြောင့် လို့ ခင်ဗျား ထင်သလဲ။ ကျေးဇူးပြုပြီး မဖြေပေးပါနဲ့ဗျာ။ ကျုပ်မှာ ဒီကြိုးလေး တစ်ချောင်းနဲ့ လုပ်ကိုင်စားသောက်နေရတာ "
အဲသည်လို ဖြေပြီး… သူဟာ ခုန်ဆွခုန်ဆွနဲ့ အဝေးကို ထွက်သွားတော့တယ်။
အဲဒီ ပုံပြင်လေးကို နားထောင်ပြီး ကျွန်တော် တွေ းမိတာတွေ အများ ကြီးပါ။
လူ့ဘဝဆိုတာ သံယောဇဉ်တွေ … ၊ သမုဒယတွေ …၊ မျှော်လင့်ချက်တွေ နဲ့ ကြိုးတွေ နဲ့ချည်နှောင်ခံထားရတာ ဆိုပါစို့။
အဲဒီ ကြိုးတွေ ကို ကျွန်တော် က ' အိပ်မက်' လို့နာမည် ပေးထားတယ်။
ကျွန်တော် တို့ကို ဘယ်သူက အိပ်မက်တွေ နဲ့ လာချည်နှောင်တာလဲ ? တရားခံ ကတော့ ကျွန်တော် တို့ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။
ကျေးဇူးပြုပြီး…ပြတင်းပေါက် အပြင်အပကို လှမ်းကြည့် လိုက်ပါ။ လမ်းပေါ်မှာ ခုန်ဆွခုန်ဆွ သွားနေကြတဲ့ လူတွေ ကို တွေ့ရပါလိမ့်မယ်။
မင်းခိုက်စိုးစန်
စိတ်အနှောင်အဖွဲ့
( ၁ )
လူတွေ ဟာ ရုပ်သေးရုပ်တွေ အ ဖြစ် အသွင်ပြောင်းလဲသွားကြမယ်ဆိုပါစို့ …။
ကျွန်တော် အဲသည်လို စိတ်ကူးယဉ်ကြည့်ခဲ့ဖူးတယ်။ ပြီးတော့ မိတ်ဆွေ တစ်ယောက် ကို…
' ခင်ဗျားသာ ရုပ်သေးရုပ် ၂၈ မျိုးထဲက တစ်မျိုးမျိုး ဖြစ်ခွင့်ရမယ်ဆိုရင် ဘာအရုပ် ဖြစ်ချင်သလဲ။ မင်းသားလား ၊ ဘီလူးလား ၊ နတ်လား ၊ ဇော်ဂျီလား ' လို့မေးကြည့်လိုက်တော့ သူက…
' မြင်း '
' ဘာလို့ မြင်းရုပ် ဖြစ်ချင်ရတာ လဲ'
' တခြား အရုပ်တွေ ကို လိုက်ပြီး ကန်ချင်လို့' လို့သူက ပြန်ဖြေပါတယ်။
ကျွန်တော် က သူ့ကို တစ်ခုပဲ သတိပေးလိုက် တယ်။
' ခင်ဗျားကသာ သူများ က်ို ကန်ဖို့စဉ်းစားနေတာ ။ ခင်ဗျား ကျောပေါ်ကို သူများ က လာစီးမှာ ကိုလည်း ထည့်တွက်ပါဦး'
အဲဒါပါပဲ။
တစ်ယောက် က တစ်ယောက် ကျောပေါ် တက်စီးမယ်။ တစ်ယောက် က တစ်ယောက် ကို ကန်မယ်။ ဒါပေမယ့်… ကျွန်တော် တို့ အားလုံးဟာ ရုပ်သေးရုပ်တွေ သာ ဖြစ်ကြတယ်လေ။
ကျွန်တော် တို့ဟာ ကြိုးတွေ နဲ့နှောင်ဖွဲ့ချည်ခံထားရတဲ့ လူသားတွေ ပါ။
အဲဒီ ကြိုးတွေ ကို ကျွန်တော် က ' အိပ်မက်' လို့နာမည် ပေးထားတယ်။
( ၂ )
ကျွန်တော် တို့ကို ဘယ်သူက အိပ်မက်တွေ နဲ့ လာချည်နှောင်တာလဲ ?
တရားခံ ကတော့ ကျွန်တော် တို့ ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။
လူဟာမွေးကတည်းက လွတ်လပ်စွာ မွေးဖွားလာခဲ့တာပါ။ ဒါပေမယ့် … အဲဒီ လွတ်လပ်မှု ကို ပြန်ဖျက်ဆီး ပစ်လိုက်တာကလည်း လူသားကိုယ်တိုင်ပါပဲ။
ပြဿနာက…
လူသားဟာ ကိုယ်လုပ်တဲ့အလုပ်ကို ကိုယ်ကိုယ်တိုင် တာဝန်မယူချင်တဲ့ အ ဖြစ်ကနေ စတာပါ။ လူမှန်ရင် ' ရလဒ်ကောင်း ' မှန်သမျှ အကုန်ယူချင်ကြတဲ့ သူတွေ ချည်းပါပဲ။ ' ရလဒ်အဆိုး' ဆိုရင်တော့ လိုချင်တဲ့သူ တစ်ယောက် မှမရှိပြန်ဘူး။
ဒါပေမယ့်… လူ တစ်ယောက် ဖန်တီးလိုက်တဲ့ လုပ်ရပ်တိုင်းဟာ ရလဒ်အကောင်းတွေ ချည်းပဲ ဖြစ်ပေါ်နိုင်လို့လား။ ဟင့်အင်း … ၊ ဘယ် ဖြစ်နိုင်မလဲ။
အဲဒီ မှာ ကိုယ်ဖန်တီးလိုက်တဲ့ လုပ်ရပ်က ' ရလဒ်အဆိုး ' ပေါ်ထွက်လာတဲ့အခါလည်း ကျရော လူသားဟာ အဲဒီ အကျိုးဆက်ကို တာဝန်မယူချင်တော့ဘူး။ ခေါင်းရှောင်ဖို့ကြိုးစားတော့တယ်။ သူများ အပေါ် အပြစ်ပုံချဖို့ ကြိုးစားတော့တယ်။
' အဲဒါ… ငါ့ကြောင့် မဟုတ်ဘူး'
' ဟို လူကြောင့် ဖြစ်ရတာ '
' ဒီလူကြောင့် ဖြစ်ရတာ '
စသည်ဖြင့် ကိုယ်ယူရမယ့် တာဝန်ကို ဖုံးကွယ် ပုံဖျက်ပစ်လိုက်ဖို့ အတွက် အကြောင်းရှာ ၊ ဆင်ခြေလဲ လာပါတော့တယ်။
တစ်ချိန်တည်းမှာ ပဲ … လူသားရဲ့အတွင် းစိတ်က ကိုယ့်ဆင်ခြေကိုယ်ကိုယ်တိုင် ပြန်ပြီး ယုံချင်နေမိတယ်၊အင်း… ယုံနေမိတယ် ဆိုပါတော့။ ဘာ ဖြစ်လို့လဲဆိုတော့ အဲဒီ လို အကြောင်းပြချက်တစ်ခုခုကို ယုံပစ်လိုက်ရတာ က စိတ်ထဲမှာ ပိုပြီး လုံခြုံသလို ခံစားရတာ ကိုး။
' ငါအပြစ်လုပ်မိပြီ' ဆိုတဲ့ စိတ်နဲ့နှိုင်းစာလိုက်ရင် 'ဒါ… ငါ့အပြစ် မဟုတ်ဘူး။ ဟိုလူကြောင့် ဖြစ်ရတာ ။ ဒီအကြောင်းကြောင့် ဖြစ်ရတာ ။ ငါဘယ်တတ်နိုင်မလဲ ' ဆိုတဲ့ စိတ်က ကိုယ့်ကိုပိုပြီး လုံခြုံစေတာပေါ့။
အဲဒီ လိုဆိုတော့… ဘာ ဖြစ်သလဲ? အောက်ပါပုံကို ကြည့်ပါ။
ဒီပုံကို ( T-surface ) လို့ ခေါ်ပါတယ်။
လေးထောင့်သေတ္တာတစ်ခုလုံးဟာ ကိုယ့်ရဲ့ စိတ်ဆိုပါတော့။ အဲဒါကြီးတစ်ခုလုံးကို လုံခြုံသွားပြီလို့ မှတ်ရထင်ရလောက်အောင် ' စိတ်လုံခြံုမှု ' ( အကွက်ဖြင့် ပြထားသည့် ) အစိတ်အပိုင်းက ဖုံးထားကွယ်ထားပေးပါတယ်။
ဒါပေမယ့် အဲဒါတကယ်မှ မဟုတ်တာ။
စိတ်လုံခြုံမှု က အပေါ်ယံအရေခွံ ပါးပါးကလေးပဲရှိတယ်။ (မမြင်ရပေမယ့်) အဓိကကျတဲ့ အစိတ်အပိုင်း အများ စု ကတော့ ' မှီခိုအားထားလိုစိတ် (ပျော့ညံ့မှု ) ' ထဲကို တိုးဝင်ရောက်ရှိသွားတာ တွေ ့ပါလိမ့်မယ်။( မျဉ်းစောင်းဖြင့် ပြထားသည် )
ဒါပါပဲ။
လူဆိုတာ မိမိရဲ့ စိတ်လုံခြုံမှု ကို ရှာရင်းရှာရင်းနဲ့ ပုန်းအောင်းစရာ နေရာတစ်ခုခုကို ( ဝါ ) မှီခိုအားထားစရာ တစ်ခုခုကို ရှာမိလျက်သား ဖြစ်နေတော့တာပါပဲ။
အဲဒီ မှာ လူဟာ မလွတ်လပ်တော့တဲ့ သတ္တဝါတစ်ကောင် ဘဝကို ကျရောက် သွားပါတော့တယ်။
( ၃ )
ကိုယ့်ကိုကိုယ် မလွတ်လပ်တော့တဲ့ ဘဝရောက်အောင် ကြိုးနဲ့ပြန်ချည်တာ ဘယ်သူလဲ ?
ကျွန်တော် တို့ ကိုယ်တိုင်ပါပဲ။
ဒါပေမယ့် ကျွန်တော် တို့က အဲသည်လို မလွတ်လပ်ရတာ ကိုပဲ ပျော်နေကြတယ်။ သက်သာတာကိုး ၊ တာဝန်ကင်းတာကိုး ။ ကိုယ်ရင်မဆိုင်နိုင်တဲ့ အခြေအနေတစ်ခုခုနဲ့ ကြုံလာရင် သူများ အပေါ် အပြစ်ပုံချလိုက်ရုံပဲ မဟုတ်လား။
တကယ်လွတ်လပ်တဲ့ လူသားကျတော့ ဒီလိုမဟုတ်တော့ဘူး။ ကိုယ့်တာဝန် ကိုယ်ယူရတော့မယ်။ ကိုယ် ဖြစ်ရင် ကိုယ်ခံပဲ…။ ' လောကကြီးမှာ ကိုယ်မှတစ်ပါး အားကိုးစရာ မရှိပါလား ' ဆိုတဲ့ အသိနဲ့ အရာရာကို ကြံ့ကြံ့ခံ ရင်ဆိုင်ရတော့မှာ …။
အဲသည်လို ဖြစ်ဖို့အတွက် စိတ်သတ္တိတွေ အများ ကြီး လိုပါတယ်။ ဒီလမ်းဟာ အင်မတန် ခက်ခဲပြီး ကြောက်စရာကောင်းတဲ့ အနေအထားပါ။ ကဲ… ခင်ဗျားဆိုရင်ကော ဒီလမ်းကြောင်းကို ရွေးချယ်မှာ လား ?
လူအများ စုကြီး ကတော့ ဒီလမ်းကို ရွေးချယ်လေ့ သိပ်မရှိကြဘူး။ ကိုယ့်လက်ကကြိုးကို ကိုယ်ပြန်မဖြေချင်ကြဘူး။ အနေရ အစားရချောင်တဲ့ ဘဝမှာ ပဲ သက်တောင့်သက်သာ နေချင်ကြတာပါ။
အဲဒါကြောင့် အတွေ းအခေါ်ပညာရှင် နစ်ရှေး ( Nitzche ) က ပြောခဲ့တာ။
' လူအများ စုကြီးဟာ အိပ်မောကျနေတဲ့ လူတွေ ဖြစ်တယ်'… တဲ့။
( ၄ )
၂၁ရာစု အရုဏ်ရောင် နီသန်းချိန် ဖြစ်တဲ့ ဟောဒီ ကာလအတွင် း တစ်ကမ္ဘာလုံးမှာ ' လွတ်လပ်မှု ' ဆိုတဲ့ စကားကို လူပြောသူပြောများ လာပါတယ်။ အထူးသဖြင့် ဖွံဖြိုးဆဲနိုင်ငံငယ်လေးတွေ နဲ့ ပတ်သက်လို့ပေါ့။
ကမ္ဘာတစ်ဝန်းလုံးမှာ ရှိတဲ့ ယဉ်ကျေးမှု တွေ လူ့အဖွဲ့အစည်း ပုံသဏ္ဌာန်တွေ ၊ စျေးကွက်တွေ ရောနှောပေါင်းစည်းနေပြီ ဖြစ်တဲ့ Globalization ကာလမှာ ဖွံ့ဖြိုးဆဲနိုင်ငံငယ်လေးတွေ ရဲ့ လွတ်လပ်ရေး ဟာ စိုးရိမ်မယ်ဆို စိုးရိမ်စရာပါပဲ။
ဒါပေမယ့် ကျွန်တော် ကတော့ တစ်မျိုးစဉ်းစားနေမိတယ်။
လွတ်လပ်တယ်ဆိုတာ ဘာလဲ ?
စျေးကွက်အရဆိုရင်လည်း အများ နဲ့ ရောနှော ပေါင်းစည်း ရတော့မယ်။ ယဉ်ကျေးမှု အရဆိုရင်လည်း ကမ္ဘာဆန်တယ့်အသွင်အပြင်ကို ဆောင်လာရတော့မယ်။ လူ့အဖွဲ့အစည်းမှာ ဆိုရင်လည်း ကိုယ် တစ်ယောက် တည်း နောက်ချန်နေရစ်ခဲ့လို့ မရတော့ဘူး။ ဒီအခြေအနေမှာ လွတ်လပ်တယ်ဆိုတာ ဘာကိုခေါ်တာလဲ ?
ကျွန်တော့်အဖြေက ရိုးရိုးလေးပါ။
လွတ်လပ်တယ်ဆိုတာ အတွေ းအခေါ် လွတ်လပ်တာက်ိုခေါ်တာပါပဲ။
ယဉ်ကျေးမှု တွေ ဘယ်လို ဖြစ် ဖြစ် ၊ စီးပွားရေး တွေ ဘာပြောင်းပြောင်း … လူ တစ်ယောက် ဟာ အခြားတစ်စုံ တစ်ယောက် အပေါ် အတွေ းအခေါ်အရ မှီခိုမှု မရှိသေးသရွေ့(ကိုယ့်တာဝန် ကိုယ်ယူမယ်… လို့တွေ းနေသမျှ ကာလပတ်လုံး) အဲဒီ လူဟာ လွတ်လပ်တယ်။
ဘယ်လောက်ပဲ ချမ်းသာပြီး ကြီးကျယ်ခမ်းနားနေပါစေ- ' ငါအနေရ အစားရချောင်ရင် ပြီးရော ' ဆိုတဲ့ အတွေ းအခေါ်မျိုးရှိလို့ ကတော့ … အိပ်မက်ကြိုးတွေ ရဲ့ အနှောင်အဖွဲ့ကြားက အကျဉ်းသားပဲ ဖြစ်နေတော့မှာ ပေါ့။
မင်းခိုက်စိုးစန်
Post a Comment