ဝဏ္ဏကျော်ထင် ဦးစိန်မြမောင်နှင့် ဗမာနိုင်ငံတော်သီချင်း

Myanmar Flags

1 / 6
2 / 6
3 / 6
4 / 6
5 / 6
6 / 6
7 / 6
8 / 6
9 / 6

၁၈ စက်တင်ဘာ ၁၉၈၈ – ၂၁ အောက်တိုဘာ ၂၀၁၀
၂၁ အောက်တိုဘာ ၂၀၁၀
၂၉ နိုဝင်ဘာ ၁၈၈၅ - ၁၉၄၂၊
၁၈၈၆–၁၉၃၇
၁၉၄၅ – ၃ ဇန်နဝါရီ ၁၉၄၈
၁၉၄၁–၁၉၄၂
၁၉၄၂–၁၉၄၃
၁ ဩဂုတ် ၁၉၄၃[၂၀] – ၁၉၄၅
၁၉၄၃ – ၁၉၄၅

မြန်မာ့တေးဂီတသမိုင်းတွင် စွမ်းအင်အထက်မြက်ဆုံးသော တေးတစ်ပုဒ် (သို့မဟုတ်) လူတိုင်းသီဆိုရန် တေးသွားနှင့် သံစဉ်ပါ ခက်ခဲလှသော တေးတစ်ပုဒ်သည် ယနေ့ "နိုင်ငံတော်သီချင်း" ဟု သတ်မှတ်ထား သည့် သီချင်းတစ်ပုဒ်ဖြစ်သည်။


သီချင်းရေးစပ်တဲ့သူက စိန်မြမောင် ဖြစ်ပြီး ဦးနုရဲ့တာဝန်ပေးချက်အရ ဦးနုရဲ့အိမ်မှာပဲ ရေးစပ်ခဲ့တယ်လို့ သိရပါတယ်။ ပထမဆုံး သီဆိုသူကတော့ ရွှေညာမောင် ဖြစ်ပါတယ်။


မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့် ၁၉၄၈ ဇန်နဝါရီ ၄ ရက်နေ့မှာ နိုင်ငံတော်အလံကို လွှင့်တင်ရမှာ ဖြစ်သည့်အတွက် ထိုနေ့တွင် နိုင်ငံတော်အလံတင် အခမ်းအနားမှာ သီဆိုဖို့ သီချင်းတစ်ပုဒ် လိုအပ်လာပါတယ် ။ သည့်အတွက် ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက လွတ်လပ်ရေး အလံတင် အခမ်းအနားမှာ သီဆိုဖို့ သီချင်း တစ်ပုဒ်ရေးရန် ဆရာရွှေတိုင်ညွန့်အား ခေါ်လာပေးရန် ဦးစိန်မြမောင်ကို ပြောဆိုခဲ့ပါတယ်။ ဦးစိန်မြမောင်က ဆရာရွှေတိုင်ညွန့် ကွယ်လွန်သွားပြီ ဖြစ်သည့်အတွက် မရှိတော့ကြောင်း အကြောင်း ပြန်ကြားခဲ့ရာ ဦးနုက တခြားတေးရေးဆရာများနှင့် တိုင်ပင် ရေးသားပေးရန် ဦးစိန်မြမောင်အား ထပ်မံ တာဝန်ပေးအပ်လိုက်ပြန်ပါတယ်။



ဦးစိန်မြမောင်က ဆရာစိန်ဝေလျှံ၊ ဒဂုန်ဆရာတင်၊ စောင်းဦးဘသန်း၊ ဂီတာဦးစိန်အောင်နှင့် ဆရာရန်နိုင်စိန် တို့ကို လိုက်လံ ခေါ်ဆောင် ခဲ့ရပါတော့တယ်။ သူတို့အားလုံး စုဝေးရောက်ရှိလာပြီး သီချင်းရေးစပ်ဖို့ တိုင်ပင်ရာ၊ ဆရာဦးစိန်ဝေလျှံနှင့် စောင်းဦးဘသန်းတို့ တစ်ယောက်နှင့်တစ်ယောက် စကားများ ရန်ဖြစ်ကြရာမှ သီချင်းရေးဖို့ အစီအစဉ် ပျက်ပြား ခဲ့ရပါတော့တယ်။ နောက်ထပ် သီချင်းရေးစပ်ဖို့ မည်သူ့ကိုမျှ စည်းရုံး၍မရဘဲ ဖြစ်ခဲ့ရပြီး အကြောင်းစုံကို ဦးစိန်မြမောင်က ဦးနုထံတင်ပြရာ ဦးနုက ဦးစိန်မြမောင် တစ်ယောက်တည်း ရေးနိုင်က ရေးပေးစေလိုကြောင်း ပြောကြား တာဝန် ပေးအပ်လိုက်တာ ဖြစ်ပါတယ်။ နိုင်ငံတော်တာဝန် ဖြစ်သည့်အတွက် ဦးစိန်မြမောင်က ရဲဝံ့စွာ တာဝန်ယူ၍ "တရားမျှတ၊ လွတ်လပ်ခြင်းနဲ့ မသွေ" အစချီ "ကမ္ဘာမကြေ" သီချင်းကို ဦးနုအိမ်တွင် တစ်ယောက်တည်း ရေးသား စပ်ဆိုခဲ့ရတာ ဖြစ်ပါတယ်။



ထိုသို့ ရေးသားစပ်ဆိုရာ၌ ဝိုင်အမ်ဘီဆရာတင်၏ "ဒို့ဗမာ" သီချင်း သံစဉ်စာသားများကို အခြေခံ၍ "တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ" အစချီ၊ ပထမ ခြေဆင်းပိုဒ်နှင့် "ကမ္ဘာမကြေ" ဒုတိယသံပြိုင်တို့ကို ရက်ပိုင်းအတွင်း ပြီးစီးအောင် ရေးသားခဲ့နိုင်ပါတယ်။ သီချင်းအစအဆုံး တစ်ပုဒ်လုံးကို ဆရာဇော်ဂျီ ဦးဆောင်သော အကဲဖြတ်အဖွဲ့က သီချင်းစာသားများ၊ တစ်လုံးချင်း အသေးစိတ် စိစစ်ပြီး သီချင်းကို အတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်။ အကဲဖြတ်အဖွဲ့က အတည်ပြုပြီးနောက် ဝန်ကြီးအဖွဲ့နှင့် လွှတ်တော်အဖွဲ့ နှစ်ရပ်စလုံးကပါ ထပ်ဆင့် အတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်။ ဤသို့ အဆင့်ဆင့် အတည်ပြုပြီးသော "ကမ္ဘာမကြေ" သီချင်းကို မြန်မာ့အသံမှ ဒါရိုက်တာ ဦးခင်ဇော်က မြန်မာနိုင်ငံသို့ ခေတ္တရောက်ရှိနေသော အမေရိကန် တီးဝိုင်းတစ်ခု၏ အကူအညီဖြင့် အသံသွင်းခဲ့တာ ဖြစ်ပြီး သီချင်းသီဆိုသူက အဆိုတော် ရွှေညာမောင် ဖြစ်ပါတယ်ခင်ဗျာ။


ဤသို့ဖြင့်

"တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ… တို့ပြေ၊ တို့မြေ…. များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့…. ခွင့်တူညီမျှ…. ဝါဒဖြူစင်တဲ့ပြည်… တို့ပြည်…. တို့မြေ… ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ… အဓိဋ္ဌာန်ပြုပေ…. ထိန်းသိမ်းစို့လေ...." "ကမ္ဘာမကြေ… မြန်မာပြည်… တို့ဘိုးဘွားအမွေစစ်မို့… ချစ်မြတ်နိုးပေ… ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ… ဒါတို့ပြည်… ဒါတို့မြေ… တို့ပိုင်တဲ့မြေ….. တို့ပြည်…. တို့မြေ…. အကျိုးကို…… ညီညာစွာတို့တတွေ… ထမ်းဆောင်ပါစို့လေ… တို့တာဝန်ပေ…. အဖိုးတန်မြေ" ဟူသော ဤ "ကမ္ဘာမကြေ" သီချင်းသည်


မြန်မာ့လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားတွင် ယူနီယံဂျက်အလံဖြုတ်ချ၍ မြန်မာနိုင်ငံတော်အလံ လွင့်ထူရမည့်အချိန်၌ သီဆိုရမည့် နိုင်ငံတော်သီချင်း ဖြစ်လာပါတော့တယ်။ လွတ်လပ်ရေးနေ့ ဘွဲ့ထူးဂုဏ်ထူး ချီးမြှင့်ပေးအပ်ရာတွင် ဦးစိန်မြမောင်သည် ဤကမ္ဘာမကြေသီချင်းဖြင့် ၀ဏ္ဏကျော်ထင်ဘွဲ့ကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပြီး ဦးစိန်မြမောင်က သူမကွယ်လွန်မီ ဤ ကမ္ဘာမကြေသီချင်းကို သူရေးစပ်ခဲ့ကြောင်း ခိုင်မာသော အထောက်အထားတို့ဖြင့် တင်ပြနိုင်ခဲ့သဖြင့် ယနေ့နိုင်ငံတော်က သူ့အား ဝိဇ္ဇာထူးချွန်ဆု (ဒုတိယအဆင့်) ချီးမြှင့်ပေးအပ်ခဲ့ခြင်းကို ခံခဲ့ရသော လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ခဲ့ပါတယ်။


နိုင်ငံတော်သီချင်း

ရေးသူ — ဦးစိန်မြမောင်

သီဆိုသူ — ဦးရွှေညာမောင်

----

နိုင်ငံတော်သီချင်းဖြစ်ပေါ်လာပုံ

တာဝန်ပေးသူ ဦးနု (ဝန်ကြီးချုပ်
ရေးစပ်သူ ဦးစိန်မြမောင်
ရေးစပ်ခဲ့သည့်နေရာ ဦးနု၏အိမ်
ရည်ရွယ်ချက် ၁၉၄၈ ခု ဇန်နဝါရီလ(၄)ရက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားမှာ သီဆိုရန်
ရေးစပ်ခဲ့သည့်ခုနစ် ၁၉၄၇ ခုနှစ်
ပထမသီချင်းရေးဖို့ အခေါ်ခံရသူ ဆရာရွှေတိုင်ညွှန့်(ကွယ်လွန်ပြီး)
စုပေါင်းသီချင်းရေးစပ်ဖို့ တိုင်ပင်ခဲ့သူများ ဦးစိန်မြမောင် ဆရာစိန်ဝေလျှံ၊ ဒဂုန်ဆရာတင်၊ စောင်းဦးဘသန်း၊ ဂီတဦးစိန်အောင်၊ ဆရာရန်နိုင်စိန်
အခြေခံသည့်သံစဉ်စာသား YNBA ဆရာတင်၏ ဒို့ဗမာ သီချင်း
သီချင်းကိုစီစစ် ဆရာဇော်ဂျီ
အတည်ပြုပေးခဲ့သူများ ဦးဆောင်သော အကဲဖြတ်အဖွဲ့
ထပ်ဆင့်အတည်ပြုသောအဖွဲ့အစည်း ဝန်ကြီးအဖွဲ့နှင့်လွှတ်တော်နှစ်ရပ်
အသံသွင်းခဲ့သောဒါရိုက်တာ မြန်မာ့အသံ ဒါရိုက်တာ ဦးခင်ဇော်
တီးခတ်ပေးခဲ့သော တီးဝိုင်း အမေရိကန်တီးဝိုင်း
သီချင်းရေးပေးသူကို ပေးခဲ့သော ဘွဲ့ ၀ဏ္ဏ ကျော်ထင်ဘွဲ့
ယနေ့ နိုင်ငံတော်က ထပ်ဆင့်ချီးမြင့်သောဘွဲ့ ၀ိဇ္ဇာထူးချွန်ဆု (ဒုတိယအဆင့်)

Post a Comment

Previous Post Next Post