ဝေး

 


ချစ်တယ်ဆိုတဲ့ စကားကို 

ပစ်ပယ်လိုခဲ့ သလား မေ။ 


ကွန်းခိုရာ မေတ္တာစစ်နဲ့

ချစ်ခဲ့တာတွေ။


ညတာရှည်

ခဏတာလေ မဟုတ်ခဲ့။


ငြင်းပယ်ခံ အိမ်မက်ဆိုးက

နိုးထချင်ရဲ့ ။ 


လွမ်းရတယ် မေ

နွမ်းသမျှကွယ် မဖြေနိုင်သည်မို့

ထွေ ငိုင် လို့ ဆွေး ။


သစ္စာထူ

မောင့်မေတ္တာ မေ မယူတော့

ပေးသူမှာ အသည်းခိုက်ပေါ့ကွယ်

(ဪ...)

ကြိုက်လျက်နှင့် ဝေး။ ။ 



ဆူးငယ်သစ်(ရန်ကုန်)

3.13 AM , Sat,February 15,2020

Post a Comment

Previous Post Next Post