မုန်းမှာ စိုး၍

 


မမျှော်လင့်တော့ပါဘူး

ခေါ်ခွင့်မှ မရှိဘဲ မေ။


အဝေးတစ်နေရာ

ဆွေးစေရာ ကံအကြောင်းက

မကောင်းဘဲလေ။


ပျော်ပါစေ

တော်ရာနေ မောင့်ဘ၀။


အထီကျန် တစ်ဖက်သတ်နှင့်

ချစ်လျက်သာ ရှောင်လို့ပုန်းခဲ့တယ်

(ဒီတစ်သက်တော့ မောင့်ကို မေ)

မမုန်းစေရ။ ။ 


ဆူးငယ်သစ်(ရန်ကုန်)

2:30 AM , Wed, january 22,2020

Post a Comment

Previous Post Next Post