သင် ဘယ်ဘက်ကလဲ


ဘဝသည်ကား ၊ တိုက်ပွဲများဟု

သင် နားလည်ပြီး ၊ ကြားခဲ့ပြီ ။


တိုက်ပွဲဆိုလျှင် ...

ဟိုဘက် သည်ဘက် ၊ ဘက် နှစ်ဖက်တို့

ဆက်ဆက် ရှိမည် ၊ ရှိ ရမည် ။


မတရား ဘက် ၊ တရား ဘက်

ဖိနှိပ်သူ ဘက် ၊ ခံသူ ဘက်

ကျူးကျော်သူ ဘက် ၊ ခံသူ ဘက်

သင် ဘယ်ဘက်က နေမလဲ ။


ဘယ်ဘက် အကျိုး ၊ သင့် စိတ်နှိုး၍

သယ်ပိုး မလဲ ၊ ဆောင် မလဲ ။


ကိုယ်မှု နှုတ်မှု ၊ စိတ် အမှုကို

ဘယ်သူ့ အတွက် ၊ အမြတ် ထွက်အောင်

ဆောင်ရွက်မလဲ ၊ ထမ်းမလဲ ။ ။


              * { ဆရာကြီး တင်မိုး } *

Post a Comment

Previous Post Next Post