မောင်ပန်းနှင်းဆီ

 


မခူးလို့ မခြွေ
မကြွေလို့ မလင့် . . .။

ပွင့်ရွက်လွှာ ငုံကာလန်း
မောင့်ပန်း တစ်ပွင့် . . .။

ပင်ထက်မှာ စံ ပျော်
တော်၀င်သည် ပန်း . . .။

ပွင့်ဖူးတံ သူမာန်ထူးလို့
ဆူး နှင့် တင့်ဆန်း . . .။

မောင်ချစ်တဲ့ နှင်းဆီ
သင်းကြည်လို့ မွှေး . . .။

မောင်နမ်းကာ ပွင့်ငုံဖူးမှ
စူးရ သည်လေး . . .

ဆူးငယ်သစ်(ရန်ကုန်)


Post a Comment

Previous Post Next Post