တစ်သက်မေ့ကြေး

 


ကြေကွဲစိတ်နွမ်း

လမ်းခွဲတဲ့အခါ ၊ တို့ မျက်နာတွေ

မြင်လွှာချင်းဆိုင် ၊ အသည်းခိုင်ဖို့

အနိုင်ပိုင်းထွက် ၊ တွဲသောလက်ကို

တသက်မေ့ကြေး ၊ နောက်ဆုံးတေးအဖြစ်

'ဝေး' ဒီချိန်ခါ ဆိုကြမယ် ...။ 


ကျောချင်းမကပ်

မျက်နှာအပ်ပြီး ၊ နောက်ထပ်တွေ့ကြုံ

ပြန်မဆုံဖို့ ၊ ရင်ခုန်နှုန်းကို နှိမ့်ကြမယ်...။


ကိုယ်ကြိုက်သည့်လမ်း

ကိုယ်စီလှမ်းဖို့ ၊ လွမ်းစိတ်ကိုဖျောက်

တို့နှစ်ယောက်သည်

နောက်တစ်လှမ်းခြင်း ဆုပ်ကြမယ် ...။


မြင်လျက်ခွဲခွာ ၊ ဝေးသောခါတွင်

ကြမ္မာလူ့ဘုံ ၊ တဖန်ဆုံသော်

ကြုံလည်းကျောချင်း ၊ မသိခြင်းနှင့်

ရင်တွင်းမီးကို ငြိမ်းကြမယ် ...။


သစ္စာပျက်ပြုန်း ၊ မချစ်မုန်း၍

လုံးသောကမ္ဘာ ၊ သူ့နိယာနှင့်

စွန့်ခွာ ငါတို့ ပုန်းကြမယ် ...။


မျက်ရည်တစ်စ ၊ မြေသို့ကျလည်း 

ခဏခိုနား၊ ဖူးစာမှားဟု

စိတ်များကိုတင်း၊ လမ်းခွဲခြင်းဖြင့်

ချင်းချင်း ငါတို့ နှုတ်ဆက်မယ်။ 


အဆိပ်ပမာ၊ ချစ်မာယာကို

ငြိမ်းစွာချေဖျက် ၊ ငါတို့လက်ကို

တစ်သက်တာတွက် ဖြုတ်ကြမယ် ...။


မင်းမျက်ရည်တို့ မကျနှင့် ...။



ဆူးငယ်သစ်(ရန်ကုန်)

Thursday,August 30,2018,12:30 AM

Post a Comment

Previous Post Next Post