တိတ်တခိုး



သံယောဇဉ် နွယ်တစ်စကိုဖြင့်

အမှန်ပြောလျင် သွယ်ပါရစေရဲ့

ကွယ်ရာက လွမ်းရိပ်ရောင်။


တိတ်တခိုးပါပဲလေ

စိတ်ဆိုးကာ မေရယ်မုန်းလိမ့်မယ်

သွေဖယ် ပုန်း ချစ်မေတ္တာ

ပြစ်ဖြစ်လာ မျှော်လင့်ဝေးသည်မို့

ဆွေးစိတ်နှင့် မောင်။


(ဪ...။)

တွေးထက်မှာ အရိပ်မိုးလေရဲ့

ဆွေးလျက်သာ တိတ်တခိုးပါဘဲ

စိတ်ညှိုးမိ ညသန်းခေါင်း

လရောင်နှင့် လွမ်း။ 


သိပ်ချစ်တယ် မေ

ညစ်တယ်လေ ကြင်သူမသိလေတော့

ရင်ပူမိ မျှော်ရည်ဆွေးလိုရယ်

(မေရေ ...။)

တွေးမိစိတ်နွမ်း။ 


ဆူးငယ်သစ်(ရန်ကုန်)

12.30 AM Mon,Jaunary 13 2020


 

Post a Comment

Previous Post Next Post