မြန်မာ အစ
တကောင်းက ဆိုပြီး ကျွန်တော်တို့ ကျောင်းသားဘ၀က သင်ခဲ့ကြဖူးသည်။ ကျွန်တော်တို့
အသုံးပြုနေသော အက္ခရာများ ဟာ အိန္ဒိယနိုင်ငံ ဘီစီ ၅၀၀-လောက်က နေ ၇၀၀ ကျော်အထိ
ထွန်းကားခဲ့သည့် ဗြာဟ္ဓီ(Brahmi)အက္ခရာက ဆင်းသက်လာခဲ့ သည့် အက္ခရာများဖြစ်သည်။
မဇ္ဈိမဒေသ ဘုရင်နှစ်ပါး စစ်ခင်းကြရာမှ
သာကီဝင် မင်းမျိုးဘုရင်က စစ်ရှုံးပြီး သူ၏ မိဘုရားများ၊ မောင်းမများ၊ သားတော်
သမီးတော်များ၊ ဝန်ကြီး မှူးမတ်များ ၊ စစ်သည်တော်သူရဲကောင်းများ၊ နန်းတွင်းသူ
နန်းတွင်းသား အခြွေအရံသင်းပင်များ အားလုံးနှင့်အတူ အိန္ဒိယပြည် အရှေ့ဘက် နယ်မြေ
(အရှေ့ တောင်အာရှ)ကို သင်္ဘောကြီးတွေနဲ့ ရွက်လွင့်၍ အသက်လု ထွက်ပြေး
တိမ်းရှောင်ခဲ့ရ သည်။ ထိုသို့ ပြေးလာရင်း ယခု မြန်မာနိုင်ငံဟုခေါ်သော
မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ ထိုဒေသသို့ ရောက်သောအခါ ထိုဒေသတွင် နေထိုင်သော
လူမျိုးစုတို့ သည် မြန်လည်း မြန်၏ မာလည်း မာ၏။ သို့သော် မယဉ်ကျေးကြချေ။ ထို့အခါ
သာကီဝင်မင်းမျိုးသည် ထိုဒေသမှာနေသော လူမျိုးများကို ယဉ်ကျေးအောင် သင်ပေး၍ မင်းလုပ်
အုပ်ချုပ်ကာ တိုင်း နိုင်ငံတစ်ခုကို တည်ထောင်လိုက်သည်။ နန်းစိုက်ရာမြို့ကို
“တကောင်း” နေထိုင်သော လူမျိုးများကို မြန်လည်း မြန် မာလည်း မာ၍ မြန်မာဟု ခေါ်ဝေါ
သမုတ်ခဲ့သည်။ ထိုအချိန်မှ စပြီး ယဉ်ကျေးမှုအသစ်တစ်ခု နှင့် လူမျိုးတစ်မျိုးဟာ
ကမ္ဘာပေါ်တွင် ပေါ်ပေါက်လာတော့သည်။
သာကီဝင် ဘုရင်ဟာ စစ်ရှုံးပြီး
ထွက်ပြေးလာခဲ့သော်လည်း ဘုရင်တို့၏ အဆောင်အယောင် အပြည့်နှင့် သန်လျက်ကြီးကိုင်
ရွှေထီးဆောင်း၍ ပြိုးပြိုးပြက်ပြက် တောက်ပသော အဝတ်အစားကို ဝတ်ဆင်ထားပြီး
အနားတွင်လည်း ဒူးထောက်ခစား၍နေသော မောင်းမမိဿံ များ နှင့် မြန်မာပြည်
မြစ်ကမ်းဘေးသို့ ထွက်ပြေး ရောက်ရှိလာသောအခါ နေလောင်ထားသော ကြေးနီရောင် အဆင်းရှိသော
မျက်နာများနှင့် အဝတ်ကပ်ရမှန်း တောင် မသိသော အပေါ်ပိုင်း ဗလာကျင်း ထားသည့် ဒေသခံ
ယောက်ျား၊ မိန်းမ များသည် ယခု ကဲ့သို့ ခမ်းနား လှသော သာကီဝင်ဘုရင်၏ အရှိန်အဝါကို
မြင်ပြီး နတ်သိကြားကို တွေ့သကဲ့သို့ မြေကြီးပေါ် ဒူးထောက်၊ မှောက်ရက်လှဲ၍
မော်တောင်မကြည့်ဝံ့ဘဲ ရှစ်ခိုးကြတော့သည်။ ထို့အခါ သာကီဝင်မင်းမျိုးသည် သူ၏
မောင်းမမိဿံဘက်သို့ လှည့်ကာ ဂုဏ်ယူဝင့်ကြွားဟန့်ဖြင့် -
“ဟမ် အဘီ ဘီ ရာဂျာဟယ်” (ငါ သည်
ယခုအချိန်ထိ ဘုရင်ဖြစ်သည်။) ဟု မိန့်တော်မူလေသည်။ ထို့သို့ မိန့်တော် အခါ မြန်လည်း
မြန်၍ မာလည်း မာသော ကြေးနီရောင် အဆင်းရှိသော လူမျိုးတို့သည်။
“ဟာ ဤဘုရင်ကြီး၏ ဘွဲ့တော်သည်
(အဘိရာဇာ)နှင့် တူသည်ဟု ထင်မှတ်ကြကုန်၏။ ဤသို့နှင့် ထိုသူတို့ သည်
ဘုရင်ကြီးသွားရာနောက် တကောက်ကောက် လိုက်ကာ ဘုရင်ကြီးအတွက် နေထိုင်ဖို့ အိမ်တစ်လုံး
ဆောက် လုပ်ပေးကာ လိုအပ်သမျှကို လုပ်ပေးကြလေသည်။ ဘုရင်ကြီး၏ နောက်လိုက် နောက်ပါ
များသည် ယဉ်ကျေး သော သာကီဝင်မျိုးနွယ်များဖြစ်ကြ၍ နေထိုင် ပြုမူ ပြောဆိုပုံများသည်
ကြေးနီရောင် အဆင်းရှိသော မြန်လည်း မြန် မာလည်း မာသည် လူမျိုးများအတွက် အဆန်းတကျယ်
ဖြစ်နေတော့သည်။
ထို့သို့ နေလာရင်း ဒေသခံများသည်
အချင်းချင်း တိုင်ပင်ကြ၏။ ဘုရင်ကြီးနှင့် သူ၏ လူမျိုးများ ကို ဘယ်သို့
ခေါ်ကြမည်မသိ၍ အချင်းချင်း ပြောဆိုကြရင်း တစ်ယောက်က ပြောသည်။ သူတို့သည် မြစ်ကို
ကူး၍ သင်္ဘာဖြင့်လာကြသည်။ ထို့သို့ ကူးလာသော လူများဖြစ်၍ “ကူးလာ” ခေါ်ကြမည်ဟု
ဆိုသည်။ ထို့သို့ ပြောသော အခါ ကျန်လူများကလည်း သဘောတူကြပြီး နောက်တွင် အချင်းချင်း
ပြောဆိုကြသည်အခါ “ကူးလာ” ဟု ရည်ညွှန်းကာ သုံးနှုန်းခဲ့ကြသည်။ (နောင်အခါ
ကာလရွေ့လျားလာသော အခါ “ကုလား” ဟုဖြစ်လာသည်။)
ဤသို့နှင့် တစ်နေ့သောအခါတွင်
ဘုရင်ကြီး၏ နောက်ပါများနေသည့် အဆောင်ဘက်ကို မြန်လည်းမြန် မာလည်း မာသည်
လူမျိုးများသည် သွား၍ ချောင်းမြောင်းကြသည့်အခါ သာကီဝင်မိန်းမများသည် သစ်သားဖြင့်
ပြုလုပ်ထားသော ထိုင်စရာပေါ်တွင် အခန့်သား ဟန်ကျပန်ကျ ထိုင်နေသည်ကို တွေ့ပြီး
သဘောကျကြလေသည်။ ထို့သို့ ထိုင်နေသော အရာကို ဘယ်လိုခေါ်ရမှန်းမသိ၍ အချင်းချင်း
ပြောဆိုကြရင်း တစ်ယောက်က ထ၍ ပြောသည်။ ကူးလာ တွေထိုင်တာကွာ ဒါကြောင့် “ကူးလာထိုင်”
လို့ ခေါ်မည်ဟု ဆိုသည်။ (နောင်တွင် ကုလာထိုင်ဖြစ်လာသည်။) ထို့သို့ မြန်လည်း မြန်
မာလည်း မာသည် လူမျိုးတို့ သည် မြင်မြင်သမျှ အသစ်အဆန်းများ ဖြစ်နေ၍
သွားသွားချောင်းကြရာ သာကီဝင်လူမျိုးမိန်းမများသည် သိရှိသွားပြီး သူတို့ ၏
အိမ်အတွင်းသို့ မမြင်နိုင်ရန် ပါလာသော ပိတ်များနှင့် အိမ်အတွင်းသို့ မမြင်နိုင်ရန်
ကာလိုက်ကြလေသည်။ ထို့သို့ ကာလိုက်သော အခါ ကြေးနီရောင် လူမျိုးတို့သည်
ဘာနှင့်ကာလိုက်မှန်းမသိကြ၍
“ဟာ ဘာကြီးနှင့် ကာလိုက်တာလဲ” ဟု
အံ့အားသင့်စွာ ရေရွတ်မိကြသည်။ ထိုအခါ တစ်ယောက်က
“ဪ .. မင်းတို့ကလဲကွာ ၊ ကူးလာ တွေ
ကာတဲ့ ကူးလာ ကာ ပေါ့” ဟု ဆိုလိုက်လေသည်။ (နောင်တွင် ကုလားကာ ဖြစ်လာသည်။ )
သာကီဝင်မျိုးတို့ သည်
ဟိန္ဒူဘာသာဝင်များဖြစ်ကြပြီး ဘာသာတရားရှိကြ၍ ဘုရားကျောင်းကြီးများ တည်ဆောက်ကြသည်။
ထို့သို့ ဆောက်လုပ်ထားသော ကျောင်းဆောင်ကြီးကို မြင်သော အခါ မြန် ၊ မာ
လူမျိုးတို့သည်။ အလွယ်တကူ ကူးလာ(ကုလား) ဆောက်တဲ့ကျောင်း ကူးလာ(ကုလား)ကျောင်းဟု
ခေါ်ကြပြန်သည်။ သာကီဝင်တို့သည် ဘုရားရှိခိုး ပူဇော်ရာ ခေါင်းလောင်းတွေကို
သုံးတတ်ကြသော်လည်း ခေါင်းလောင်း လုပ်ရန် ကြေးမရှိသဖြင့် သစ်တုံးကို ထွင်းကာ
အသံမြည်အောင် ခေါက်ကြပြန်သည်။ ထိုအခါတွင် လည်း မြန်၊မာ လူမျိုး ဒေသခံတို့သည်
ထုံးစံအတိုင်း အံအားသင့်ကြကာ
“တုံတုံ တုံ နဲ့ ခေါက်နေတာ ဘာလဲပေါ့”
ဟု ဆိုကြပြန်သည်။ ထိုအခါ တစ်ယောက်က
“အိုကွာ-ကူးလာ(ကုလား)တွေ ဘုရားတက်ရင်
ခေါက်တာဆိုတော့ “ကူးလာ(ကုလား)တက် ပေါ့ကွာ” ဟု ဆိုကာ ယနေ့အထိ ကုလားတက်ခေါက်သံဟု
ခေါ်ဆိုခဲ့ကြသည်။
တစ်နေ့တွင် သာကီဝင်(ကူးလာ)တို့သည်
သူတို့၏ စားသောက်ဖွယ်ရာများကို မြန်၊မာ လူမျိုးများအား ကျွေးမည်ဟု ဆိုကာ
ရိက္ခာအဖြစ်ပါလာသော ပဲ တစ်မျိုးကို ရေဆေးကြရာ ဒေသခံများသည် ဤပဲကို မမြင်ဖူးကြ၍
ဘာပဲလည်း ဟု စပ်စုကြပြန်သည်။ ထုံစံအတိုင်း အတွေးအခေါ်ကောင်းသည့် တစ်ယောက်သည်
“ကူးလာ(ကုလား)တွေစားတဲ့ ပဲ
ကူးလာ(ကုလား)ပဲ ပေါ့ကွာ ဟု ဆိုပြန်သည်။ ထို့နောက် ဟင်းများကျက်ပြီး စားဖို့
ခေါ်သောအခါ ဒေသခံများသည် အားရပါးရ စားကြလေသည်။ စားပြီးနောက် ဟင်းကို
အလွန်ကြိုက်နှစ်သက်ကာ ကူးလာ(ကုလား)တွေ ချက်ကျွေးတဲ့ ပဲဟင်းကို
“ကူးလာ(ကုလား)ဟင်း”ဟု ခေါ်စပြု လာကြသည်။ ဟင်းနှင့်အတူ စားရန် မရမ်းသီး၊ သရက်သီး စတာတွေကို
ဆီ၊ မဆလာတွေနှင့်သမပြီးစိမ် အချဉ်တည် ထားသည့် အစားအစာ တစ်မျိုးလည်း ပါသေး၍
ထိုအရာကို ဒေသခံများသည် အလွန်အရသာတွေ့ကာ
“ကူးလာ(ကုလား)တွေ တည်ထားတဲ့
အချဉ်ဆိုတော့ “ကူးလာ(ကုလား)တည်” ကွာဟု ဝမ်းသာ အားရ တစ်ညီတစ်ညွှတ်တည်း ကင်ပွန်း
တပ်လိုက်ကြသည်။ ဒေသခံများနှင့်အတူ သာကီမျိုးတို့လည်း စားသောက်နေကြရင်း အစိမ်းရောင်
အတောင့်လေးကို ကိုက်ကိုက်စာကြပြီး
“အို-မာတာ ၊ အရေး မာတာ” (အမလေး၊ အမေရေ)
ဟု အော်ကြသောအခါ ဒေသခံတို့သည် ထိုအသီးသည် ဘာလဲ ဟု ဆိုကာ တစ်ယောက်က
“ဪ မင်းတို့ကလည်း ကူးလာ(ကုလား)တွေ
စားပြီး အော်တဲ့ အသီး ကူးလာ(ကုလား)အော်သီး ဟု ခေါ်ကြမည်ဟု ဆိုပြန်သည်။ ထို့နောက်
ထမင်းစားပွဲပြီးသည် အခါ ဒေသခံတို့သည် ကိုယ့်အိမ် ကိုယ်မပြန်သေးဘဲ သူတို့၏
အကျင့်အတိုင်း အစားအစာတွေကို အိမ်ကိုပါသယ်ဖို့ စောင့်နေကြသည်။ ထမင်း ဟင်းတွေ
အများကြီး ချက်ပြုတ်ပြီး ဒေသခံတွေကို ဧည့်ခံရသည့် သာကီဝင်တို့သည် ပင်ပန်းပြီး
ခြေပစ်လက်ပစ် အိပ်သွားကြသည်။ ထိုသို့ အိပ်သည်ကို ဒေသခံတို့မြင်သောအခါ
ခွက်ထိုးခွက်လန် ရယ်ကြပြီး
“ကူးလာ(ကုလား) တွေ အိပ်တာ သေနေသလိုပဲ”
ဟု လှောင်ပြောင်ကာ ထိုသို့ အိပ်မောကျနေသူများကို ကူးလာ(ကုလား)သေ ကူးလာ(ကုလာ)မော
အိပ်သည်ဟု ခေါ်ဝေါ်ကြပြန်သည်။
သာကီဝင်ဘုရင်ကြီးတွင် သားတော်
နှစ်ပါးရှိလေသည်။ ဘုရင့်သားတွေကို “ရာ့ချ် ကုမာရ်” (ရာဇ ကုမာရ်) မင်းသား လို့
ခေါ်သည်။ ဘုရင်းကြီးသည် သူ၏ သားတွေကို ချစ်စနိုးနှင့် “ရာဂျာ” (မင်းသား) လို့
ခေါ်လေ့ရှိသည်။ တစ်နေ့တွင် ဘုရင့် သားအကြီးက ဘုရင့် အနားတွင် ထိုင်နေရင်း ရုတ်တရက်
ထထွက်သွားသည်။ ဘုရင်က သူ့သား ကို
“ကဟာန် ရာဂျာကြီး” (ဘယ်တုန်း
မင်းသားကြီး) လို့ လှမ်းမေးလေသည်။ ဒေသခံတို့သည် ထိုသို့ လှမ်းမေးသည်ကို
ကြားသည့်အခါ မင်းသားကြီး၏ အမည်သည် “ကံရာဇာကြီး” ဟု ထင်မှတ်လိုက်ကြသည်။
(ကဟာန် ရာဂျာကြီး)ကို သူတို့၏ နားဖြင့်
ကံရာဇာကြီးဟု ကြားကြသည်ကိုး) ထိုသို့ မင်းသားကြီးက “ကံရာဇာကြီး” ဆိုလျင်
မင်းသားငယ်သည် “ကံရာဇာငယ်” ဟုဆိုကာ သူတို့ဟာ သူတို့ ယူဆ လိုက်ကြပြန်သည်။
ထိုမှစ၍ ကံရာဇာကြီး သည် မဇ္ဈိမဒေသ
ကပိလဝတ်ပြည်မှ ပထမဦးစွာ မြန်မာနိုင်ငံအတွင်းသို့ ရွှေ့ပြောင်းလာသော သကျသာကီဝင်မင်း
အဘိရာဇာ၏ သားကြီး ဖြစ်ပြီး ဂေါတမ မြတ်စွာဘုရား ပွင့်တော်မမူမီ နှစ်ပေါင်း ၃၀၀
ခန့်က ၊ မြန်မာနိုင်ငံ မြောက်ပိုင်း ရှေးအကျဆုံးမြို့တော်ဖြစ်သည့် သင်္ကဿဋ္ဌ
တကောင်းပြည် ကို စတင် တည်ထောင်ခဲ့သည်။ ထို့အချိန်မှ စ၍ မြန်လည်း မြန် မာလည်း မာသော
လူမျိုးတို့သည် မြန်မာလူမျိုး ကျေးတော်မျိုး ကျွန်တော်မျိုးများ ဖြစ်လာကြပြီး
မြန်မာအစ တကောင်းက ဟု ခေါ်စမှတ်ပြုလာကြတော့သည်။ ထို့ကြောင့် စကားပြောလျှင်
ကျေးတော်မျိုး ကျွန်တော်မျိုး(ကျွန်တော် ၊ ကျွန်မ )ဟု ထည့်ပြောကြသည်။
ကံရာဇာကြီးသည် ခမည်းတော် အဘိရာဇာ
နတ်ရွာစံသောအခါ ညီတော် ကံရာဇာငယ်နှင့် ထီးမွေနန်းမွေ လုကြရာ ရန်စစ်မထိုးဘဲ
ကုသိုလ်စစ်ထိုးကြရာတွင် အရေးနိမ့်ခဲ့သဖြင့် ဗိုလ်ပါတို့ စုရုံးခေါ်ဆောင်ကာ
သလ္ဘာ၀တီမြစ်ကို ဆန်တက်၍ ကလေးတောင်ညိုအရပ်တွင် ရာဇာဂြိုလ်မြို့တော်ကို
တည်ထောင်ခဲ့သည်။
ထိုမြို့တွင် ၆ လကြာမျှ
ဗိုလ်ပါစုဆောင်းနေသည်။ ထိုမှတဖန် ကစ္ဆာပနဒီမြစ် အရှေ့ဘက်သို့ ရွေ့ပြောင်းပြန်ကာ
ကျောက်ပန်းတောင်းမြို့ကို တည်ထောင်ပြန်သည်။ ထိုမြို့တွင် ၇၄ နှစ်တိုင် စံနေသည်။
ထိုမှတဖန် ရှေးမာလာယုမင်းတို့ တည်ထောင်ခဲ့သော ဓည၀တီမြို့ဟောင်းကို သိမ်းယူ၍
ထီးနန်းမြို့ပြ ပြင်ဆင်စံနေသည်။ ကံရာဇာကြီးတွင် သုဘဒ္ဒါဒေဝီမိဖုရားမှ
မုဒုစိတ္တမည်သော သားတော်တစ်ပါး ဖွားမြင်ခဲ့သည်။ ထိုသားတော်ကို သုနာပရန္တတိုင်းမှ
ပျူ၊ ကမ်းယံ၊ သက်လူမျိုးတို့ က မင်းလျာတောင်းသော ကြောင့် ပျူတို့ အရပ်တွင်
မင်းပြုစေရန် စေလွှတ်အုပ်ချုပ်စေ ခဲ့သည် ဟု ဆိုသည်။
Ref : Wikipedia
ရေးသူ ၊ ဆူးငယ်သစ်(ရန်ကုန်)
Post a Comment