emotional recognition ability

 


ဝင်ငွေရဲ့ ၂၀% လောက်က တတ်ထားတဲ့ ပညာကြောင့်ဝင်တာ။၈၀ % က လူမှု ပေါင်းသင်း

ဆက်ဆံရေးကြောင့် ရတာပါ တဲ့ ။


emotional recognition ability 

( မြန်မာလို အရိပ် ၃ ပါး နားလည်တာပေါ့) 


အဲဒါမြင့်ရင် လစာ သို့မဟုတ် 

ဝင်ငွေမြင့်တယ်တဲ့ ။


2014 လောက်က လုပ်ထားတဲ့ သုတေသနတစ်ခုမှာတွေ့ရှိချက်ပေါ့ ။ 

Time Magazine မှာ ပါတာပါ ။


( တခြားအချက်တွေဖြစ်တဲ့ 

အသက် ၊ အလုပ်ချိန် ၊

လုပ်ငန်းအတွေ့အကြုံ စတာတွေကို ဘုံထားပြီးတွက်တာပါ )


ဆိုလိုတာက ပညာတတ်တိုင်း 

ငွေဝင်တာမဟုတ်နိုင်ဘူးပေါ့ ။ 


ငွေတင်မဟုတ်ဘူး 

အောင်မြင်တဲ့ ဘဝရဖို့ကလဲ

လူကဲခတ်တတ်ပြီး 

လူဝင်ဆံ့မှ EQ မြင့်မှ ဖြစ်မှာ ။


မိဘတွေ အနေနဲ့ 

သားသမီးတွေကို 

သင်ကြားတဲ့အခါ 

စာတော်ဖို့ တင်မဟုတ်ပဲ 

EQ မြင့်အောင် 

လူတောတိုးအောင်လည်း

သင်ကြားပေးသင့်ပါတယ် ။


ကိုယ့်သားသမီး ပျော်နေတာပဲ

တွေ့ချင်တယ်မို့လား ။


ဒါဆို 

ပေါင်းသင်းဆက်ဆံရေး

ပြေပြစ်အောင် ၊ 

ညှိနှိုင်းဆောင်ရွက်တတ်တဲ့

အလေ့အကျင့်ရအောင်လည်း

သင်ကြားပေးသင့်ပါတယ် ။



Post a Comment

Previous Post Next Post