သင် Brainwash အလုပ်ခံလိုက်ရပြီလား

 


Brainwash အလုပ်ခံရခြင်းဆိုသည်မှာ မိမိမှာ ရှိသည့် အခြေခံ ဆင်ခြင်တုံတရားကို ချေဖျက်ပြီး အကြောင်းအရာတစ်ခုကို အရိုးစွဲသည့်အထိ ခေါင်းထဲသို့ ရိုက်သွင်းခံရခြင်းကို ဆိုလိုခြင်းဖြစ်သည်။ Brainwash အလုပ်ခံရသူ တော်တော်များများသည် ရိုးသားဖြူစင်သူ ၊ အသိဉာဏ် နုံနည်း သူ။ စာမဖတ်သူများ သည် အများဆုံးဖြစ်ကြသည်။ လူတို့၏ အသိဉာဏ်သည် အလွန်ကြောက်စရာကောင်း လှ၏။ မိမိထင်မြင်ယူစချက်ကို သာ အမှန်ဟု ထင်မြင်တတ်ကြ၏။ ထိုအသိဉာဏ်ကို သာ အသုံးချ၍ လူတို့သည် Brainwash အလုပ်ခံလိုက်ရ၏။

စစ်အာဏာရှင်အများစုသည် ပြည်သူလူထုအတွင်း စိတ်ဓာတ်စစ်ဆင်ရေး ဗျူဟာ အမြောက် အများကို အသုံးပြု၍ လူများကို Brainwash လုပ်ကြ၏။ ယနေ့ခေတ်ထိ အသုံးပြုနေသော ဗျူဟာမှာ Ripening for the Sickle (အမှည့်ချွေ မဟာဗျူဟာ)ကို သုံးပြုနေကြပြီး အသုံးပြုနေဆဲလည်း ဖြစ်၏။

ထိုဗျူဟာမှာတစ်ဖက် အတိုက်ခံတွေကြား နှင့် ပြည့်သူလူထုကြား သွေးကွဲစေမည့် အကြောင်းအရာကို လုပ်ကြံ ချပြပြီး Group Identity (အဖွဲ့တူမျိုးအုပ်စု) မျိုးစုံကို ဖော်ကျူးကြ၏။ ထိုသို့ဖော်ကျူးလိုက်သည့်အခါ တက်ကြွသူများ ထွက်လာ၏။ (ဥပမာ – အမျိုးသားရေး စိတ်ပြင်းထန်သူတွေကြား ထိခိုက်လွယ်သော အကြောင်းအရာများ လုပ်ကြံဖန်တီး၍ ဖော်ပြခြင်း) ထို့နောက် မတူညီသော အုပ်စုတွေ ကွဲထွက်လာသည့် အခါ ထိပ်တိုက်ဖြစ်အောင် မီးထိုး ၊ စိတ်ဆိုးအောင် လုပ်ကြ၏။ တစ်ဘက်နှင့် တစ်ဘက် စကားတွေမှားလာကြသည့်အခါ အမှားကို နင်းပြီး အကြောင်းအရာများကို ထပ်၍ ချဲ့ကြ၏။ Group Identity တွေကြား တိုက်ပွဲများ ပိုပြီး ပြင်းထန်လာ သည့် အခါ။လိုသလို ကြားကနေ ဝင်ကစားပေးကြခြင်းကို ပြုလုပ်ပေးကြ၏။ ယာလဲညက် ကြက်လည်း ပမ်းဖြစ်လာသည့်အခါ Group ကြားမှာ တက်ကြွ လှုပ်ရှားသူတွေကို ထပ်၍ မြောက်ပေးကြ၏။ အားလုံးပြိုကွဲနေသယောင်ဖန်းတီးပေးကြ၏။ ထို့နောက်တွင် အချင်းချင်း Endless battles (မပြီးနိုင်သော တိုက်ခိုက်မှုများ) ဆင်နွဲရင်း ခံစစ်ပေါက်ချိန်ကို စောင့်ကြ၏။ ခံစစ်ပေါက်ပြီလို့ ထင်လျင် ဝင်ထိန်းကြပြီးမှ တဖြည်းဖြည်း ဖဲ့ချွေ ကြ၏။ အဆုံးသတ်တွင် Centre of gravity strategy (ဗဟို ထိန်းချုပ် နည်းပရိယာယ်) ကို ထပ်ပေါင်းထည့်ပြီး ဗဟိုကို တက်သိမ်းတာမျိုး လုပ်ကြ၏။ ဒါကို ထိုးစစ်မဟာဗျူဟာ အမျိုးအစား ဟုခေါ်ကြပြီး Group Cohesiveness (ညီညွှတ်နေသောအဖွဲ့အစည်း) သိပ်ကြီးသူတွေကြားတွင် အလွယ်တကူ ခင်းကျင်းလို့ သိပ်ကောင်းသော ဗျူဟာအမျိုးအစားပင်ဖြစ်၏။

ယနေ့ ဤဗျူဟာကြောင့်ပင် အယောင်ဆောင်မျိုးချစ်များနည်းတူ ရိုးသား၍ စစ်မှန်သော အသိဉာဏ် တွေးခေါ်နိုင်စွမ်း မရှိသောသူတစ်ချို့သည် ဝါဒမှိုင်းများမိနေကြသည်ကို မျက်ဝါးထင်ထင် မြင်တွေ့ရမည်ဖြစ်သည်။

ဘာသာရေးအစွဲကြီးသူများကို သူတို့၏ ဘာသာ သာသနာကို အသုံးချ၍ တစ်ဖက် ဆန်ကျင်ဖက် ဘာသာအား ခုတုံးလုပ်က သွေးထိုးလှုံ့ဆော်မှုများလုပ်ကြ၏။ ထိုနောက် တစ်ဘက် ဘာသာမှ မကျေနပ်၍ အငြင်းအခုံဖြစ်ကြသည့်အခါ တစ်ဘက်နှင့်တစ်ဘက် မုန်းတီးစိတ်ကြီးထွား လာအောင် ဖန်တီးကြ၏။ မုန်းတီးစိတ် ရင်ထဲကိန်းဝတ်လာသည့်အခါ မိမိလိုချင်သော လမ်းကြောင်း ကို လမ်းကြောင်းပေး၍ ဝါဒဖြန့်ကြ၏။ မဟုတ်မမှန် ဝါဒများကို ဖြန့်ကြ၍ အတွေးအခေါ် ကန်းလာအောင် လုပ်ကြ၏။ Group တွေကြားထဲတွင် လိုသလို ကစား၍ သွေးခွဲခြင်းကို ပြုလုပ်ကြပြီး ဝါဒမှိုင်းကြောင့်

အသိစိတ် အရိုးစွဲသွားသည့်အခါ လိုသလို ပုံဖော်၍ ထိန်းချုပ်ကာ ဆက်၍ လိုချင်သော အနေထားအထိ ရောက်အောင် ဆက်၍ ဖန်တီးကြ၏။

ရိုးသားနုံအ သော သူတို့သည့် မိမိတို့ Brainwash အလုပ်ခံရသည့်ကို မသိရှိဘဲ ဆက်လက်၍ တစ်ဖက်နှင့် တစ်ဖက် တိုက်ခိုက်ကုန်ကြ၏။ Brainwash အလုပ်ခံရသူများသည် အတန်းပညာအရည်အချင်းတတ်မှ မဟုတ်ဘဲ စိတ်ဓာတ်ပြင်းထန်သူများ၊ ဆင်ခြင်တုံတရားကင်းမဲ့သူများ၊ ကိုယ်ကျိုးအတ္တကြီးသူများ စသဖြင့် လူတန်းစာအမျိုးမျိုး စသည်တို့လည်း ပါဝင်နိုင်၏။ မဟုတ်မမှန်သော အရာများကို နေ့စဉ် အမှန်ဟု ပြောဆိုနေလျင် ကြာလျင် အမှန်ဟု ထင်ကြပြီး အာဏာရှင်တို့၏ အသုံးချခံ နယ်ရုပ်ကလေးများ ဖြစ်ကြကုန်၏။

ဤဗျူဟာကို ၁၉၆၀-၁၉၆၂ တွင် ဗိုလ်နေဝင်းသုံးခဲ့ပြီး

၁၉၉၃-၁၉၉၅ တွင် န၀တ တို့ သုံးခဲ့သည်။

201* – 2016 – 2020 -(အာဏာရစ်မူးသောလူတစ်စု)မှ ဆက်လက်၍ အသုံးပြုနေဆဲ ပင်ဖြစ်သည်။

အစုအဖွဲ့များကြားတွင် ညီညွတ်ရေးသည် ဤဗျူဟာကြောင့် ကျဆုံးလေ့ ရှိခဲ့ကြသည်။

မိမိကိုမိမိ Brainwash အလုပ်ခံထားရသည်ကို သိရှိနိုင်သော အရာမှာ အလိုလိုနေရင်း အဖွဲ့အစည်းတစ်ခုခု ၊ လူပုဂ္ဂိုလ် တစ်ဦးဦးကို အလိုလိုနေရင်း မုန်းတီးစိတ်ဝင်နေလျင်။ အကြောင်းအရာ တစ်ခုခုကို အခြေမြစ် ရှိရှိ ဝေဘန်ပိုင်းခြားနိုင်စွမ်း မရှိဘဲ ယုံကြည်နေလျင် သင်သည် အကြမ်းဖျင်းအားဖြင့် Brainwash အလုပ်ခံထားရသည် ဟု မှတ်ယူနိုင်၏။

Brainwash အလုပ်မခံရန်မူ သတိထား၍ အကြောင်းအရာတစ်ခုခု မှန်၏ မမှန်၏ ဝေဘန်ပိုင်းခြားခြင်း။ စာဖတ်ခြင်း။ မိမိကိုယ်တွင်ရှိ ဒေါသ၊ မောဟ၊တို့ကို လျော့၍ အသိဉာဏ်ကို လမ်းဖွင့်၍ မျှတအောင် တွေးခေါ်တတ်ခြင်းတို့ကို လေ့ကျင့်ရမည်ဖြစ်၏။ အမှန် အမှားကို ဝေဘန်ပိုင်းခြားနိုင်အောင် လုပ်ခြင်းသည် စာဖတ်ခြင်းမှ လွဲ၍ အခြားနည်းမရှိ၍ စာများများဖတ်ခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။

မောင်ဆူးငယ်(ရန်ကုန်)


Post a Comment

Previous Post Next Post