လက်ဆင့်ကမ်းပါ ပြည်သာယာဖို့

 




စိတ်ဓာတ်တွေ ယိုင်လဲလို့

ကျင့်မွဲခဲ့ တို့ တိုင်းပြည်

ပျက်ခဲ့လေပြီ။


လူမညီ

မူပလီတယ်မို့။


အမှန်ရှိလျှင်

ဉာဏ်အသိတွင် ခေါင်းဆောင်ကောင်းတွေနှင့်

လွတ်ကြောင်းရှာ ပြည်တော်အေးအောင်

ဖေးကူပါစို့။


ခေါင်းဆောင်ကောင်းလည်း ရခဲ့ပြီ

တိုင်းမြန်ပြည် ဂုဏ်ရှိန် မြင့်အောင်

တိုးမြှင့်ရမည်။


စည်းကမ်းနှင့် အညီ

တိုင်းဌာနီ ဂုဏ်ရှိမှ။


မွေးဖွားလာ နောင်မျိုးဆက်ကို

ဆက်လက်ဝေမျှ။ ။


ဆူးငယ်သစ်(ရန်ကုန်)


ဒီပဲယင်း (သမိုင်း စာပေနှင့် အနုပညာမဂ္ဂဇင်း အမှတ်-၂)

Post a Comment

Previous Post Next Post