ဝမ်းနည်းပါကြောင်း


လမ်းဖောက်တော့ သူမပါ

လမ်းပြင်တော့သူမရောက်။

ဖြောင့်ဖြူးစွာလမ်းပြေချောတော့

ကျော့ကျော့လေးလျှောက်။


ကန်တူးရာသူမပါ

ကန်ပြင်ရာသူမရောက်

မြကန်သာရေကြည့်သန့်မှ

ခန့်ခန့်လေးသူသောက်။


ပန်းစိုက်ရာသူမပါ

ပေါင်းသင်ရာသူမရှိ

ပန်းပေါင်းစုံသင်းကြူမွှေးတော့။

ရွေးပန်ချင်၏။


ရပ်ရွာရေးဆွေးနွေးရာ

ဖယ်ရှောင်ခွာသူမရော

သူထင်ရာမြင်အတွေးနဲ့

ဘေးထိုင်ဘုပြော။


လူ့ဘဝခဏတာ

မြင့်မြတ်စွာ လူဖြစ်ခိုက်မှာပေါ့

လူပီစွာ ကိုယ့်အမျိုးအတွက်

ကြိုးစားလိုက်စမ်းပါ။


သိလျက်နဲ့သွေရှောင်ခွာ

ဝေဖန်ကာ အမြင်စောင်း

မူမမှန်တယူသန်အတွေးတွေနဲ့

ကလေးလို အရေးဆိုကြမ်းတာတော့

ဝမ်း နည်း ပါ ကြောင်း။


ဆရာကြီး မင်းသုဝဏ်

ဝမ်းနည်းပါကြောင်း

ကဗျာ — မင်းသုဝဏ်

သံစဉ် — စန္ဒရားထက်လူဦး

တေးဆို — အောင်ကျော်ဆန်း(ယဉ်ကျေးမှု)

ဂီတမှူး — အောက်သက်ထွဏ်း

ဒါရိုက်တာ — ဖိုးသား(မင်းကွန်း)

 

Post a Comment

Previous Post Next Post